ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သောရာဂီတိုင်ဖွန်းမုန်တိုင်း၏သက်ရောက်မှုကြောင့်ရေဘေးဒဏ်ခံစားရသည့်ဒေသများအတွက်အိန္ဒိယနိုင်ငံအစိုးရမှလူသားချင်းစာနာထောက်ထားမှုအကူအညီများဖြစ်သော အစားအသောက်၊ အဝတ်အထည်နှင့်လူသုံးကုန်ပစ္စည်း၊တာပေါ်လင်နှင့်ဆေးဝါးများကိုအိန္ဒိယလေတပ်မှသယ်ယူပို့ဆောင်ရေးလေယာဉ် IL-76 ဖြင့် ပေးပို့ခဲ့ရာနေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ယနေ့ညနေ(၁၆:၃၀)နာရီတွင် ဆိုက်ရောက်ခဲ့ပြီးလူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကိုကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Shri Abhay Thakur ကလူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)၊ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်တက်ရောက်၍ပစ္စည်းများလက်ခံရယူခဲ့ပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။ အဆိုပါ အိန္ဒိယလေတပ်သယ်ယူပို့ဆောင်ရေးလေယာဉ် IL-76 ဖြင့် ခြင်ထောင်အလုံး (၁,၀၀၀)၊ အသင့်စားအစားအစာထုပ် (MRE)  အထုပ် (၃,၀၀၀)၊ မီးဖိုချောင်သုံးပစ္စည်းအစုံ (၅၀၀)၊ ဆိုလာမီးအိမ် (၁,၀၀၀)ခန့်၊ မီးစက် (၂)လုံး၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ (Hygiene Kits) အစုံ (၄,၀၀၀)၊ ယာယီတဲ(၁၅)လုံး၊ ရေသန့်စင်ရေးဆိုင်ရာပစ္စည်းများဖြစ်သည့် ကလိုရင်းဆေးပြား၊ ပိုးသတ်ဆေး၊ Bleaching powderနှင့် ဆေးဝါးပစ္စည်းများစုစုပေါင်းပစ္စည်းတန်ချိန်(၃၀)ကျော်ပါရှိပြီး၊ အဆိုပါလူသားချင်းစာနာထောက်ထားမှုအကူအညီများလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှအမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အလားတူအစားအစာ၊ အဝတ်အထည်၊ ဆေးဝါး၊ တာပေါ်လင်နှင့် ယာယီတဲများသယ်ဆောင်လာသောအိန္ဒိယနိုင်ငံရေတပ်မှ စစ်ရေယာဉ်သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ထပ်မံရောက်ရှိမည်ဖြစ်ပါသည်။

ထို့အပြင်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းမှုဌာန(ASEAN Coordinating Centre for Humanitarian Assistance on Disaster Management-AHACentre)မှထောက်ပံ့သည့် အမေရိကန်ဒေါ်လာ ၃၃၇,၁၄၈.၉၅ခန့်မှန်းတန်ဖိုးရှိ မိသားစုသုံးပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်းများ၊ မိသားစုသုံးမိုးကာတဲများ၊တာပေါ်လင်၊Shelter Repair Kit၊ရေသန့်စက်များနှင့်အခြားအရေးပေါ်သုံးပစ္စည်းများပါဝင်သောစုစုပေါင်းအလေးချိန်၅၉,၃၆၀ကီလိုဂရမ်ရှိပစ္စည်းများကို မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)၊အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)တို့ဖြင့် သယ်ဆောင်လျက်ရှိရာယနေ့တွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့အသီးသီးဆိုက်ရောက်ခဲ့ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့်ရေဘေးဒဏ်သင့်သူများအတွက်အရေးပေါ်တုံ့ပြန်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုမည်သူတစ်ဦးတစ်ယောက်မျှမကျန်ရှိစေရေးမူဖြင့်ဆောင်ရွက်လျက်ရှိပြီးရောက်ရှိလာသောကယ်ဆယ်ရေးပစ္စည်းများကိုရေဘေးသင့်ဒေသများသို့ အမြန်ဆုံးပို့ဆောင်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR