ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်၁၆.၉.၂၀၂၅ရက်နေ့နံနက်ပိုင်းတွင်ပဲခူးမြို့၊ရပ်ကွက်ကြီး(၆)၊ဥဿာမြို့သစ်ရှိဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံနှင့်ဝန်ထမ်းအိမ်ရာသို့ရောက်ရှိပြီးဝန်ထမ်းများတာဝန်ထမ်းဆောင်မှုအခြေအနေ၊ထောက်ပံ့ရေးပစ္စည်းများသိုလှောင်ထားရှိမှုအခြေအနေနှင့်ရုံးပတ်ဝန်းကျင်၊ဝန်ထမ်းအိမ်ရာတို့ကိုကြည့်ရှုစစ်ဆေးပြီးဝန်ထမ်းများစည်းလုံးညီညွတ်စွာဖြင့်နေထိုင်တာဝန်ထမ်းဆောင်ကြရန်၊မီးဘေးအန္တရာယ်ဂရုပြုဆောင်ရွက်ရန်၊ကယ်ဆယ်ရေးပစ္စည်းများသက်တမ်းပြည့်အရည်အသွေးမီအသုံးပြုနိုင်ရေးသိုလှောင်ထိန်းသိမ်းထားရှိရန်လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက်သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ပဲခူးတိုင်း‌ဒေသကြီး၊ မြို့တော်ခန်းမ၌ကျင်းပရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးကသက်ကြီးပုဂ္ဂိုလ်များအတွက် အထောက်အပံ့ ဖြစ်နိုင်စေရေးနှင့် ၎င်းတို့အား လေးစားတန်ဖိုးထားခြင်းအားဖြင့် နိုင်ငံ‌တော်အစိုးရကထောက်ပံ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အဖြစ် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးများကို ၆ လစာ တစ်စုတစ်စည်းတည်းပေးအပ်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရပ်ရွာအတွင်းလူမှုရေးလိုအပ်ချက်များအပေါ်မူတည်ပြီးစေတနာကိုအရင်းခံ၍တည်ထောင်ဖွင့်လှစ်ဆောင်ရွက်နေကြသောကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာများနဲ့ ဘိုးဘွားရိပ်သာများအတွက်နိုင်ငံတော်အနေဖြင့်ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ဂေဟာ/ရိပ်သာများအနေဖြင့်ဘဏ္ဍာရေးစည်းမျဉ်းများ၊စံလုပ်ငန်းလမ်းညွှန်များနှင့်အညီဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသက်၈၅နှစ်နှင့်အထက်လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ သက်ကြီးပုဂ္ဂိုလ် ၂၀၄၅၇ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေကျပ် ၁၂၀၄.၈၀၀သန်း၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ၁၁ ခု၊ အမျိုးသမီးဂေဟာ ၁ ခုနှင့် ဘိုးဘွားရိပ်သာ ၁၆ ခု၊ စုစုပေါင်း ဂေဟာ/ရိပ်သာ ၂၈ ခုနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ၇၉ ကျောင်းတို့အတွက် ထောက်ပံ့ကြေးကျပ် ၂၇၉ဒသမ၇၆၉သန်းနှင့်နေရပ်စွန့်ခွာပြည်သူ ၁၁၄၇၀၄ ဦးအတွက် နိုင်ငံတော်ကထောက်ပံ့ငွေ ကျပ် ၆၈၈၂ဒသမ၂၄၀ သန်းကိုပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်အားပေးအပ်ခဲ့ပါသည်။ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးနှင့်ဝန်ကြီးချုပ်တို့သည်မသန်စွမ်းသူ (၃)ဦးအား Wheel Chair များပေးအပ်ခဲ့ပါသည်။

ယနေ့အခမ်းအနားတွင်ပဲခူးတိုင်းဒေသကြီးအတွင်းရှိအသက်၈၅နှစ်နှင့်အထက်သက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ၂၀၄၅၇ဦး၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကစောင့်ရှောက်ထားသူ၁၉၃၃ဦးနှင့်နေရပ်စွန့်ခွာပြည်သူ၁၁၄၇၀၄ဦး၊စုစုပေါင်း၁၃၇၀၉၄ဦးအတွက်ထောက်ပံ့ငွေစုစုပေါင်းငွေကျပ်၈၃၆၆ဒသမ၈၀၉ သန်းထောက်ပံ့ပေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး၊ပဲခူးတိုင်းဒေသကြီးလူမှုရေးဝန်ကြီးနှင့်အဖွဲ့တို့သည် ပဲခူးတိုင်းဒေသကြီး ပဲခူးမူလတန်းကြိုကျောင်း အမှတ်(၁)သို့သွားရောက်ခဲ့ပြီး ကလေးငယ်များအား စောင့်ရှောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကလေးများအားမုန့်များပေးအပ်ပြီးရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးတွင် ပဲခူးတိုင်းအတွင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး တင်ပြချက်များအားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR