ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများသည်ပြည်နယ်လူမှုရေးဝန်ကြီးနှင့် အင်းတိုင်းရင်းသားရေးရာဝန်ကြီးတို့လိုက်ပါလျက်၂၅-၂-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသဖောင်တော်ဦးမြတ်စွာဘုရားနှင့် အလိုတော်ပေါက်ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုကာဂေါပကအဖွဲ့တာဝန်ရှိသူများထံဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည်သာလေးတောင်ကျောင်းတိုက်ရှိဒက္ခိဏသာခါရုပ်ပွားတော်အားဖူးမြော်ကြည်ညိုကာကျောင်းတိုက်ဆရာတော် ဦးနန္ဒောဘာသလင်္ကာရအားဖူးမြော်ကြည်ညိုပြီးဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည်  ညောင်ရွှေမြို့၊ မြို့မရန်ကုန်ကျောင်းတိုက်သို့ ရောက်ရှိပြီးကျောင်းတိုက်ဆရာတော်ဦးဗာကုလအားဖူးမြော်ကြည်ညိုကာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဘတ်ဂျက်မှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၁၂၂.၂၂)သိန်းတို့ကိုထောက်ပံ့ပေးအပ်ခဲ့ရာအကျိုးခံစားခွင့်ရှိသူများကိုယ်စားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့်တာဝန်ရှိသူများကလက်ခံခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဇေယျာသီရိမြို့နယ်နှင့်ပုပ္ဗသီရိမြို့နယ်ရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဉက္ကဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ ကလောမြို့ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး

MOS

DSW

DDM

DOR