ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် နိုဝင်ဘာလ (၄) ရက် နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရှမ်းပြည်နယ် ဦးစီးမှူးရုံးနှင့် အေးသာယာရှိ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံတို့သို့ သွားရောက်ကြည့် ရှုစစ်ဆေးခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ရုံးအဆောက်အအုံများ ရေရှည်အသုံးပြုနိုင်ရေးအတွက် စည်းကမ်းတစ်ကျ အသုံးပြုရေး၊ ကယ်ဆယ်ရေးပစ္စည်းများကို ညွှန်ကြားချက်များနှင့်အညီ ထိန်းသိမ်းထားရှိရေး၊ မလိုလားအပ်သောလေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး၊ ဘေးသင့်သူများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလျှင်အမြန်ထောက်ပံ့နိုင်‌ရေး၊ ဘေးသင့်သူများ၏ လတ်တလောသက်သာချောင်ချိရေးအတွက် ရည်ရွယ်ထားရှိ ဆောင်ရွက်နေသည်ဖြစ်ရာ  မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက် ပေါက်မြောက်စေရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်အေးသာယာမူလတန်းကြိုကျောင်းနှင့် အောင်ပန်းမူလတန်းကြိုကျောင်းများသို့သွားရောက်ခဲ့ပြီးကျောင်းအုပ် ဆရာမကြီး၊ ဆရာမများနှင့် တွေ့ဆုံ၍ ကလေးများဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် သင်ကြားပေးရာတွင်ငယ်စဉ်ကတည်းက အများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကိုယ်ချင်းစာနာစိတ်များရှိပြီး အကျင့်စာရိတ္တကောင်းသူများဖြစ်လာစေရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှု အလေ့အကျင့်ကောင်းများရရှိအောင် ပြုစုပျိုးထောင်ပေးစေလိုပါကြောင်း၊ သို့မှသာ ဗလ(၅) တန်နှင့်ပြည့်စုံသော အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာမှာဖြစ်ကြောင်း မှာကြားခဲ့ပြီး ကလေးများအတွက်ထောက်ပံ့ငွေနှင့်  မုန့်များအားပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR