ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်အား အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization For Migration-IOM) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲအသစ်ဖြစ်သူ Mr.DraganAleksoski က ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါ သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝန်ကြီးဌာနနှင့် IOM အဖွဲ့အကြားလုပ်ငန်းနယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းခဲ့သည့် အခြေအနေများ၊ ဝန်ကြီးဌာနလက်အောက်ရှိဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးရေးညှိနှိုင်းနေမှုအခြေအနေများ၊ IOM အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိနေရပ်စွန့်ခွာရသူများကို လူသားချင်းစာနာမှုအကူအညီပေးလိုသည့် ကိစ္စများဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာနအနေဖြင့် ရခိုင်၊ ချင်း၊ ကယား၊ မကွေး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရပ်စွန့်ခွာသူများအတွက် ထောက်ပံ့မှုနှင့် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးအတွက် အစိုးရ၏ စီစဉ်ဆောင်ရွက်နေမှုအခြေအနေများ၊ အိနိ္ဒယနိုင်ငံနှင့် နားလည်မှုအချွန်လွှာရေးထိုး၍ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက် မှုများကိုအသိပေးဆွေးနွေးပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာဦးစီးဌာနများကညွန်ကြားရေးမှူးချူပ်များပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဇေယျာသီရိမြို့နယ်နှင့်ပုပ္ဗသီရိမြို့နယ်ရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဉက္ကဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ ကလောမြို့ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး

MOS

DSW

DDM

DOR