ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ၂၉-၄-၂၀၂၁ ရက်နေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေး ဦးစီးဌာနလက်အောက်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (နမ့်လတ်)သို့ရောက်ရှိကြရာ စခန်းအတွင်း ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်၊ ဝန်ကြီးဌာနဘတ်ဂျက်ဖြင့် တော်ဝင်ရွှေနန်း ကုမ္ပဏီမှ ကျပ်(၂၁၃.၅၀၅)သန်းဖြင့် တင်ဒါအောင်မြင် ဆောက်လုပ်လျက်ရှိသော ပေ၁၀၀xပေ၄၀၊ ၄ ခန်းတွဲ RC နှစ်ထပ်၊ ဝန်ထမ်းအိမ်ရာ ၅၀% ပြီးစီးနေမှုအခြေအနေနှင့် ပိုင်ဖြိုးခန့်ကုမ္ပဏီမှ ကျပ်(၁၂၈.၁၉၉၉)သန်းဖြင့် တင်ဒါအောင်မြင်ဆောက်လုပ်လျက်ရှိသော ပေ၆၀xပေ၄၀၊ RC နှစ်ထပ်၊ စခန်းရုံး(၇၀%)ပြီးစီးကာ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများမှတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အဆောက်အဦ များရေရှည်တည်တံ့စေရေးအတွက် အရည်အသွေးကြံ့ခိုင်ကောင်းမွန်ရေး၊ သတ်မှတ်လျာထားသည့်အတိုင်း လုပ်ငန်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး တို့အတွက် အလေးထားဆောင်ရွက်ရန် မှာကြား ခဲ့ပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

MOS

DSW

DDM

DOR