ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

     ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးလူမှုရေးဝန်ကြီးလိုက်ပါလျက် (၁၈ -၁၀-၂၀၂၁)ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့ မြောင်းမြကျောင်းတိုက်သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္ဓပဏ္ဏိတာဘိဝံသနှင့် သံဃာတော်များအား ဖူးမျှော်ကြည်ညိုကာ ဝါဒများခံယူခဲ့ကြပြီး သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများသည် နိဂြောဓါရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိကြပြီး သက်တော်(၈၃)နှစ်၊ ဝါတော်(၆၂)ဝါရှိ ကျောင်းတိုက်ဆရာတော် နိုင်ငံတော် ဝါဒစရိယ အဘိဓဇ မဟာရဠ ဂုရု ဘဒ္ဒန္ဓဝိသုတနှင့် သံဃာတော်များအား ဖူးမျှော်ကြည်ညိုကာ ဝါဒများခံယူခဲ့ကြပြီး သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်  တာဝန်ရှိသူများသည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီးလိုက်ပါလျက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး တွင်ပြုလုပ်သော ဝန်ထမ်းများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ ဦးစီးဌာနအလိုက် ကာလတိုနှင့် ကာလလတ်အတွင်း လုပ်ငန်းအလိုက် ရည်မှန်းချက်များ ချမှတ်ကာ ရလာဒ်ကောင်းများ ထွက်ပေါ်အောင် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး  ဝန်ထမ်းများအနေဖြင့် မွန်မြတ်သော စိတ်စေတနာဖြင့် ကျရာကဏ္ဍမှ တာဝန်ကျေပွန်အောင်ဆောင်ရွက်ခြင်းဖြင့် ဘေးဒုက္ခနှင့် လူမှုဒုက္ခများကြုံတွေ့နေရသော ပြည်သူများကို ကူညီစောင့်ရှောက်ပေးရသည့် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်ရည်မှန်းချက်များ အောင်မြင်ပြီး နေ့စဉ်နှင့်အမျှ ဝမ်းမြောက်ဝမ်းသာဖြင့် ဂုဏ်ယူစရာနှင့် ကုသိုလ်ရသောအလုပ်ဖြစ်ပါကြောင်းတိုက်တွန်းအားပေးပြောကြားခဲ့ပါသည်။  ဆက်လက်၍ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက အမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးများက တိုင်းဒေသကြီးအတွင်း လူမှုဝန်ထမ်းလုပ်ငန်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့မှုနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးလူမှုရေးဝန်ကြီးနှင့် သက်ဆိုင်ရာအရာရှိကြီးများက ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များအားပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး (သိုလှောင်ရုံ)ရောက်ရှိကြပြီး ကယ်ဆယ်ရေးပစ္စည်းများ၊ ဒေသဖွံ့ ဖြိုးရေးသုံး ပစ္စည်းများ၊ အလှူပစ္စည်းများကို သိုလှောင်ရုံထိန်းသိမ်းနည်း လက်စွဲအတိုင်း သိုလှောင်ထိန်းသိမ်း ထားရှိမှုအခြေအနေများ၊ သိုလှောင်ရုံမှတ်တမ်းထိန်းသိမ်း ထားရှိမှုအခြေအနေများ ကို  လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်တမ်းရှည်ကြာထိန်းသိမ်းထားရသည့် ပစ္စည်းများကို ဖြန့်ခွဲအသုံးပြုနိုင်ခြင်း မရှိဘဲ သိုလှောင်ရုံအတွင်း သက်တမ်းလွန်မှုမရှိစေရေး  စီစစ်တင်ပြသွားရန်နှင့် မီးဘေးလုံခြုံရေး အထူးဂရုပြု ကြပ်မတ်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြပါသည်။

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည်  လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ ပုသိမ်မူလတန်းကြိုကျောင်းသို့ ‌ရောက်ရှိကြပြီး လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ခံကျောင်းအုပ်တို့က  ၁၉၆၀ ခုနှစ်ကပင် ပုသိမ်မြို့ အမှတ်(၂)ရပ်ကွက် ကုန်သည်လမ်းနှင့် GEC လမ်းထောင့်ရှိ ဧရိယာ ၁.၂ ဧက ပေါ်တွင် နေ့ကလေးထိန်းဌာနကို စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် အသက်(၃)နှစ်မှ (၅)နှစ်အထိ ကလေး(၂၈၀) ဦး လက်ခံနိုင်ပြီး ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် လက်ရှိတွင် မူလတန်းကြိုကျောင်းအား Online ပုံစံဖြင့် သင်ကြားနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သိရှိလိုသည်များမေးမြန်းကာ လိုအပ်သည်များကို ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR