ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်နှင့်အဖွဲ့သည်ပြည်နယ်ဦးစီးမှူးများလိုက်ပါလျက်ဒီဇင်ဘာလ(၅)ရက်နေ့ညနေပိုင်းတွင်လားရှိုးမြို့၊ ခရိုင်လူမှုဝန်ထမ်းရုံးနှင့်အမှတ်(၁)မူလတန်းကြိုကျောင်းများသို့သွားရောက်စစ်ဆေးခဲ့ပါသည်။ မူကြိုကလေးများအတွက်ကာယ၊ဉာဏ၊စာရိတ္တဖွံ့ဖြိုးရေးသင်ကြားပေးခြင်းတို့အားလှည့်လည်ကြည့်ရှုအားပေးပြီးနောက်လားရှိးလူငယ်သင်တန်းကျောင်းသို့ရောက်ရှိရာ ဒုတိယဝန်ကြီးကသင်တန်းတက်ရောက်လျက်ရှိသောသင်တန်းသားများအားနှစ်သိမ့်အားပေးစကားပြောကြားပြီးကျောင်းတွင်းကျောင်းပြင်တို့ကိုလှည့်လည်ကြည့်ရှုစစ်ဆေးကာလိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒီဇင်ဘာ(၆)ရက်နေ့နံနက်ပိုင်းတွင်လားရှိုးမြို့ရှိမူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းသို့သွားရောက်စစ်ဆေးခဲ့ပြီးဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များမှာကြားပြီး သင်တန်းသားများနှင့်တွေ့ဆုံ၍သင်တန်းမှသင်ကြားပေးမည့်လက်မှုအတက်ပညာများအား စိတ်ဝင်စားစွာဖြင့်သင်ယူရန်လိုကြောင်း၊ကျန်းမာရေးဂရုစိုက်ကြရန်နှင့်သင်တန်းမှထုတ်ပြန်ထားသောစည်းကမ်းများလိုက်နာရန်လိုကြောင်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ဒုတိယဝန်ကြီးသည်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ခရိုင်သိုလှောင်ရုံသို့ရောက်ရှိရာသိုလှောင်ရုံရှိထောက်ပံ့ရေးပစ္စည်းများအားလှည့်လည်ကြည့်ရှုပြီး ဝန်ထမ်းများအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့်အသိပညာပေးခြင်းတို့အားပုံမှန်ဆောင်ရွက်ရန်နှင့်လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ဒုတိယဝန်ကြီးသည်အမှတ်(၁)မူလတန်းကြိုကျောင်း၊ လားရှိုးမြို့သို့ရောက်ရှိရာဝန်ကြီးဌာနလက်အောက်ရှိဝန်ထမ်းများ  နှင့်တွေ့ဆုံရာတွင်ဌာန၏ဆောင်ရွက်နေရသည့်လုပ်ငန်းတာဝန်ဘာသာရပ်များကို တတ်ကျွမ်းနားလည်နေရန်လိုအပ်ကြောင်း၊ မိမိတို့ဌာနတွင်လူမှုရေးရာကိစ္စရပ်များများပြားစွာဆောင်ရွက်နေရကြောင်း၊ လူမှုဝန်ထမ်းလုပ်ငန်းများသည်ဦးစီးဌာန(၃)ခုလုံးနှင့်သက်ဆိုင်ပါကြောင်း၊ဝန်ထမ်းများစည်းလုံးညီညွတ်စွာနေထိုင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအသိပညာတိုးတက်ရန်နှင့်အရည်အသွေးအရည်အချင်းများပြောင်မြောက်နေရန်လိုကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင်လည်းစိတ်ဝင်စား၍ရည်မှန်းချက်ပြီး မြောက်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်းတို့ကိုရှင်းလင်းပြောကြားခဲ့ပါသည်။

ဒီဇင်ဘာ (၇)ရက်နေ့ညနေပိုင်းတွင်မြစ်ကြီးနားမြို့ရှိပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံးနှင့်သိုလှောင်ရုံအားကြည့်ရှုစစ်ဆေးကာလိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။

ဒီဇင်ဘာ(၈)ရက်နေ့နံနက်ပိုင်းတွင်မြစ်ကြီးနားမြို့ရှိမူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းရှိသင်တန်းသားအိပ်ဆောင်ဆောက်လုပ်နေမှုအခြေအနေများအားဆောက်လုပ်ရေးတာဝန်ခံကအသေးစိတ်ရှင်းလင်းတင်ပြရာလိုအပ်သည်များလမ်းညွှန်မှာကြား၍စခန်းအတွင်းလှည့်လည်ကြည့်ရှုပြီးနှစ်ရှည်သီးပင်စားပင်များစိုက်ပျိုးရန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံးသို့ရောက်ရှိရာဝန်ကြီးဌာနလက်အောက်ရှိဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြားကာလိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ အိမ်တွင်းမှုအသက်မွေးပညာသင်ကျောင်းသို့ရောက်ရှိစစ်ဆေးကာလိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးဝန်ထမ်းများနှင့်အတူနေ့လည်စာထမင်းလက်ဆုံစားခဲ့ကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR