ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(Senior Officials Meeting on Social Welfare and Development-SOMSWD)မြန်မာ၏SOMSWD Work Plan (2021-2025)အရကမ္ဘောဒီးယား၊လာအို၊မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ကျေးလက်ဒေသတွင်နေထိုင်သည့် သက်ကြီးရွယ်အိုများ၏ဝင်ငွေရရှိမှုအပေါ် ကိုဗစ်-၁၉၏အကျိုးသက်ရောက်မှုများအား လေ့လာမှုဆိုင်ရာသုတေသနစာတမ်းကို ASEAN Development Fund(ADF)အထောက်အပံ့ဖြင့် ၂၀၂၃ ခုနှစ် ဇွန်လမှ ၂၀၂၄ခုနှစ် ဇွန်လအထိသက်ဆိုင်ရာနိုင်ငံများအလိုက်သုတေသနများဆောင်ရွက်ခဲ့ကြပြီးတွေ့ရှိချက်များကိုသုံးသပ်အကြံပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(Validation Workshop for the Research on the Impact of COVID-19 on the Income Security of Rural Older People in Cambodia, Lao PDR, Myanmar and Vietnam)ကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိရွှေစံအိမ်ဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲသို့ ASEAN Ministrerial Meetings on Social Welfare and Development-AMMSWD (Myanmar)လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ သက်ဆိုင်ရာဌာနအသီးသီးကတာဝန်ရှိပုဂ္ဂိုလ်များ၊ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတို့မှ Regional Researcher နှင့် National Researchers များ၊ ဌာနဆိုင်ရာများနှင့် ပြင်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက In-Person ဖြင့်တက်ရောက်ကြပါသည်။ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(SOMSWD)၏အလှည့်ကျဥက္ကဋ္ဌနှင့် Focal Points များ၊ အာဆီယံအလုပ်သမားဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(SLOM)၏ အလှည့်ကျဥက္ကဋ္ဌတို့က Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉သည် ကမ္ဘာတစ်ဝှမ်းတွင် ထိခိုက်လွယ်အုပ်စုများအတွက် စိန်ခေါ်မှုများကိုဖြစ်ပေါ်စေခဲ့ပြီးအရှေ့တောင်အာရှ၏ ကျေးလက်ဒေသတွင်နေထိုင်သောသက်ကြီးရွယ်အိုများအတွက်လည်းဝင်ငွေရရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာထောက်ပံ့မှုများအပါအဝင်အခက်အခဲများကိုဖြစ်ပေါ်စေခဲ့ပါကြောင်း၊ ဤသုတေသနတွေ့ရှိချက်များသည် သက်ကြီးရွယ်အိုများအပေါ် ကိုဗစ်-၁၉၏ ဘက်ပေါင်းစုံမှအကျိုးသက်ရောက်မှုများအားဖော်ပြထားပြီးထိုမှတစ်ဆင့် ထိရောက်သောမူဝါဒများချမှတ်နိုင်ရေးအတွက် အကြံပြုချက်များပါရှိပါကြောင်း၊  ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ရှိကျေးလက်ဒေသတွင်နေထိုင်သည့်သက်ကြီးရွယ်အိုများ၏ ဝင်ငွေရရှိမှုရေရှည်တည်တံ့စေရေးအတွက်အထောက်အကူပြုနိုင်ရေးတက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးသွားကြရန်တိုက်တွန်းပြောကြားလိုကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(SOMSWD)၏ အလှည့်ကျဥက္ကဋ္ဌကိုယ်စားဗီယက်နမ်နိုင်ငံ၊ အလုပ်သမားနှင့်လူမှုရေးရာဝန်ကြီးဌာန၊နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူDr. Ha Thi Minh Duc က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက်သုတေသန၏ Regional Researcher ဖြစ်သူဒေါက်တာခိုင်ခင်ဖြူကကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ကျေးလက်ဒေသတွင် နေထိုင်သည့် သက်ကြီးရွယ်အိုများ၏ဝင်ငွေရရှိမှုအပေါ် ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုများအပေါ် လေ့လာမှုဆိုင်ရာ သုတေသနစာတမ်း၏ တွေ့ရှိချက်နှင့်အကြံပြုချက်များအားရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက်တက်ရောက်လာသူများမှ သုတေသနစာတမ်းနှင့်စပ်လျဉ်း၍ သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြပြီးမြန်မာနိုင်ငံ၏ SOMSWD Focal Point ဖြစ်သူလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကနိဂုံးချုပ်အမှာစကားပြောကြား၍ အလုပ်ရုံဆွေးနွေးပွဲကိုရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR