ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(Senior Officials Meeting on Social Welfare and Development-SOMSWD)မြန်မာ၏SOMSWD Work Plan (2021-2025)အရကမ္ဘောဒီးယား၊လာအို၊မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ကျေးလက်ဒေသတွင်နေထိုင်သည့် သက်ကြီးရွယ်အိုများ၏ဝင်ငွေရရှိမှုအပေါ် ကိုဗစ်-၁၉၏အကျိုးသက်ရောက်မှုများအား လေ့လာမှုဆိုင်ရာသုတေသနစာတမ်းကို ASEAN Development Fund(ADF)အထောက်အပံ့ဖြင့် ၂၀၂၃ ခုနှစ် ဇွန်လမှ ၂၀၂၄ခုနှစ် ဇွန်လအထိသက်ဆိုင်ရာနိုင်ငံများအလိုက်သုတေသနများဆောင်ရွက်ခဲ့ကြပြီးတွေ့ရှိချက်များကိုသုံးသပ်အကြံပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(Validation Workshop for the Research on the Impact of COVID-19 on the Income Security of Rural Older People in Cambodia, Lao PDR, Myanmar and Vietnam)ကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိရွှေစံအိမ်ဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲသို့ ASEAN Ministrerial Meetings on Social Welfare and Development-AMMSWD (Myanmar)လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ သက်ဆိုင်ရာဌာနအသီးသီးကတာဝန်ရှိပုဂ္ဂိုလ်များ၊ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတို့မှ Regional Researcher နှင့် National Researchers များ၊ ဌာနဆိုင်ရာများနှင့် ပြင်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက In-Person ဖြင့်တက်ရောက်ကြပါသည်။ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(SOMSWD)၏အလှည့်ကျဥက္ကဋ္ဌနှင့် Focal Points များ၊ အာဆီယံအလုပ်သမားဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(SLOM)၏ အလှည့်ကျဥက္ကဋ္ဌတို့က Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအဖွင့်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉သည် ကမ္ဘာတစ်ဝှမ်းတွင် ထိခိုက်လွယ်အုပ်စုများအတွက် စိန်ခေါ်မှုများကိုဖြစ်ပေါ်စေခဲ့ပြီးအရှေ့တောင်အာရှ၏ ကျေးလက်ဒေသတွင်နေထိုင်သောသက်ကြီးရွယ်အိုများအတွက်လည်းဝင်ငွေရရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာထောက်ပံ့မှုများအပါအဝင်အခက်အခဲများကိုဖြစ်ပေါ်စေခဲ့ပါကြောင်း၊ ဤသုတေသနတွေ့ရှိချက်များသည် သက်ကြီးရွယ်အိုများအပေါ် ကိုဗစ်-၁၉၏ ဘက်ပေါင်းစုံမှအကျိုးသက်ရောက်မှုများအားဖော်ပြထားပြီးထိုမှတစ်ဆင့် ထိရောက်သောမူဝါဒများချမှတ်နိုင်ရေးအတွက် အကြံပြုချက်များပါရှိပါကြောင်း၊  ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ရှိကျေးလက်ဒေသတွင်နေထိုင်သည့်သက်ကြီးရွယ်အိုများ၏ ဝင်ငွေရရှိမှုရေရှည်တည်တံ့စေရေးအတွက်အထောက်အကူပြုနိုင်ရေးတက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးသွားကြရန်တိုက်တွန်းပြောကြားလိုကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(SOMSWD)၏ အလှည့်ကျဥက္ကဋ္ဌကိုယ်စားဗီယက်နမ်နိုင်ငံ၊ အလုပ်သမားနှင့်လူမှုရေးရာဝန်ကြီးဌာန၊နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူDr. Ha Thi Minh Duc က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက်သုတေသန၏ Regional Researcher ဖြစ်သူဒေါက်တာခိုင်ခင်ဖြူကကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ကျေးလက်ဒေသတွင် နေထိုင်သည့် သက်ကြီးရွယ်အိုများ၏ဝင်ငွေရရှိမှုအပေါ် ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုများအပေါ် လေ့လာမှုဆိုင်ရာ သုတေသနစာတမ်း၏ တွေ့ရှိချက်နှင့်အကြံပြုချက်များအားရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက်တက်ရောက်လာသူများမှ သုတေသနစာတမ်းနှင့်စပ်လျဉ်း၍ သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြပြီးမြန်မာနိုင်ငံ၏ SOMSWD Focal Point ဖြစ်သူလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကနိဂုံးချုပ်အမှာစကားပြောကြား၍ အလုပ်ရုံဆွေးနွေးပွဲကိုရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR