ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဉက္ကဋ္ဌလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ၁၉ရက်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ကလောမြို့သို့ ရောက်ရှိ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဝင်းဖေ၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ကလောတပ်နယ်မှူးတို့နှင့်အတူကလောမြို့၌ စက်တင်ဘာလ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့အတွင်းမိုးရေချိန်(၁၂)လက်မခန့်ရွာသွန်းကာကလောချောင်းရေမြင့်တက်မှုကြောင့် ရေဘေးသင့်နေရာများသို့ သွားရောက်ကြည့်ရှုကာရေဘေးသင့်ပြည်သူများအားတွေ့ဆုံခဲ့ပါသည်။

ရှေးဦးစွာကလောမြို့ အ.ထ.က(၁)တွင်ရေဝင်ရောက်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုအခြေအနေများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများကကျောင်းအတွင်းအပျက်အစီးများရှင်းလင်းဖယ်ရှားနေမှု၊ ရွှံ့နွံများရှင်းလင်းနေမှုတို့အားကြည့်ရှုစစ်ဆေးပြီးအချိုရည်နှင့်မုန့်များထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထို့နောက်ယာယီရေဘေးရှောင်စခန်းဖွင့်လှစ်ထားသည့် ကလောမြို့၊ မြို့မပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အားသင်္ကန်းပရိက္ခရာ၊ စားသောက်ဖွယ်ရာနှင့်ဝတ္ထုငွေများဆပ်ကပ်လှူဒါန်းကာရေဘေးသင့်သူများအားစောင့်ရှောက်ထားရှိမှုအခြေအနေကိုမေးမြန်းလျှောက်ထားခဲ့ပါသည်။ဆက်လက်၍ ကလောခရိုင်မှ တာဝန်ရှိသူများကရေကြီးရေလျှံမှုကြောင့် ရပ်ကွက်/ကျေးရွာများအတွင်းရေဝင်ရောက်မှုနှင့် လူနေအိမ်များထိခိုက်ပြိုကျပျက်စီးမှုအခြေအနေ၊ ဌာနဆိုင်ရာရုံးများအတွင်းရေဝင်ရောက်မှုနှင့်ပျက်စီးမှုအခြေအနေ၊ပြည်ထောင်စုလမ်းမကြီးပြိုကျပျက်စီးမှုအခြေအနေ၊ မိုးသည်းထန်စွာရွာသွန်းနေစဉ် ပြည်သူများအားရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့မှုနှင့် ရေကျပြီးချိန်တွင် အပျက်အစီးရှင်းလင်းရေးနှင့် ကနဦးထူထောင်ရေးဆောင်ရွက်နေမှု၊ ပြည်နယ်အစိုးရအဖွဲ့နှင့်စေတနာရှင်များကရေဘေးသင့်သူများအားထောက်ပံ့ကူညီမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုအရရေဘေးသင့်ပြည်သူများအားလာရောက်တွေ့ဆုံအားပေးခြင်းဖြစ်ကြောင်း၊ ယခုကဲ့သောရေကြီးရေလျှံမှုဖြစ်စဉ်မျိုးသည် နှစ်ပေါင်းများစွာကြာမှ တစ်ကြိမ်ဖြစ်ပေါ်ခြင်းဖြစ်ခဲ့သော်လည်းနောင်တွင်ဘေးအန္တရာယ်ကြောင့်ထိခိုက်ခံစားမှုကိုကြံ့ကြံ့ခံနိုင်အောင် အတွေ့အကြုံယူပြင်ဆင်ကြရမည်ဖြစ်ကြောင်း၊ထူးကဲစွာမိုးရွာသွန်းခြင်းဖြစ်စဉ်နှင့် ကလောချောင်းရေစီးရေလာစီးဆင်းမှုအားနည်းခြင်းဖြစ်စဉ်တို့သည် လူသားတို့၏ပြုမူဆောင်ရွက်မှုများကြောင့်ဖြစ်ရာအနာဂါတ်မျိုးဆက်အတွက် အသိ၊သတိဖြင့် နေထိုင်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊နိုင်ငံတော်အနေဖြင့်အတတ်နိုင်ဆုံးထောက်ပံ့ကူညီပေးမည့်အခြေအနေကိုနိုင်ငံတော်အကြီးအကဲကလည်းပြည်သူသို့အသိပေးပြီးဖြစ်ပါကြောင်း၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ရေဘေးရှောင်စခန်းရောက် ပြည်သူများအားဆန်ဘိုးငွေထောက်ပံ့ပေးခြင်း၊ လူသုံးကုန်ပစ္စည်းများထောက်ပံ့ခြင်းတို့ကိုချက်ခြင်းဆောင်ရွက်ပေးမည်ဖြစ်ကာရေဘေးကြောင့် အသက်ဆုံးရှုံးရသူများအားနိုင်ငံတော်မှ ထောက်ပံ့ငွေငါးသိန်း၊ မိမိတို့ဝန်ကြီးဌာနမှထောက်ပံ့ငွေသုံးသိန်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ခြင်းတို့အားလည်းဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူရသူများအားလည်းထိခိုက်ဒါဏ်ရာရရှိမှုအပေါ်မူတည်၍ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊နေအိမ်မျောပါပျက်စီးသူများအတွက်ပျက်စီးမှုပေါ်မူတည်၍ဝန်ကြီးဌာနမှထောက်ပံ့မှုအပြင်နိုင်ငံတော်မှ ထပ်ဆောင်းထောက်ပံ့နိုင်ရေးအတွက် အချက်အလက်များကောက်ယူလျက်ရှိပါကြောင်း၊ယာယီစခန်းများတွင်နေထိုင်စဉ်သန့်ရှင်းလတ်ဆတ်စွာချက်ပြုတ်စားသောက်နိုင်ရေးအခြေခံစားကုန်များအားအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ရေဘေးအန္တရာယ်အားစည်းလုံးစွာတုံ့ပြန်ဖြေရှင်းခဲ့မှုကိုနမူနာယူ၍ ကိစ္စအဝဝတွင် စည်းလုံးညီညွတ်စွာဆောင်ရွက်ကြစေလိုကြောင်းအားပေးနှစ်သိမ့်မှာကြားပါသည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ကရေဘေးသင့်ပြည်သူများယာယီရေဘေးရှောင်စခန်းတွင် စားသောက်နေထိုင်မှုအခြေအနေ၊ သောက်သုံးရေရရှိစေရန်ဆောင်ရွက်ထားရှိမှုအခြေအနေ၊အပျက်အစီးနှင့်ရွှံ့နွံများရှင်းလင်းဖယ်ရှားပြီးမိမိနေအိမ်များသို့ အမြန်ဆုံးပြန်လည်နေထိုင်နိုင်ရန်ဆောင်ရွက်ရမည့်အခြေအနေများနှင့်ကျောင်းနေအရွယ်ကလေးများအမြန်ဆုံးကျောင်းပြန်တက်ရောက်နိုင်ရေးမိဘပြည်သူများကပါ ဝိုင်းဝန်ကူညီဆောင်ရွက်ပေးရမည့်အခြေအနေများကိုရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ကလောမြို့နယ်တွင်ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်း(၁၂)ခုမှ အိမ်ထောင်စု(၁၄၅)စု၊ ရေဘေးသင့်သူ(၅၃၂)ဦးအတွက် ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊စားနပ်ရိက္ခာများအားပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ကထောက်ပံ့ပေးအပ်ခဲ့ပါသည်။

နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလောချောင်းရေစီးရေလာအားနည်းမှုကြောင့် ရေကြီးရေလျှံခြင်းနှင့် ပျက်စီးဆုံးရှုံးခြင်းများဖြစ်ပေါ်နေမှုကိုသွားရောက်ကြည့်ရှုကြရာတာဝန်ရှိသူများကကလောချောင်းအတွင်းသို့ ချောင်းဘေးဝဲယာတွင်နေထိုင်သူများကရေနည်းချိန်၌ မြေဖို့ကျူးကျော်ခြင်းကြောင့် ချောင်းအလွန်ကျဉ်းမြောင်းသွားခဲ့မှု၊ ချောင်းအတွင်းစည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကြောင့် ချောင်းတိမ်ကောလာမှု၊ တံတားများအားခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲစိတ်ကြိုက်ပုံစံဖြင့်ဆောက်လုပ်ထားမှုများကြောင့် တောင်ကျရေစီးချိန်၌ ရေစီးနှောင့်နှေးခဲ့မှု၊ နောင်နှစ်များတွင် အလားတူမဖြစ်စေရေးမူလချောင်းနယ်နိမိတ်အတိုင်းဖြစ်စေရေးဆောင်ရွက်မည့်လျာထားအစီအစဉ်တို့ကိုရှင်းလင်းတင်ပြခဲ့ပြီးပြည်ထောင်စုဝန်ကြီးကဘေးအန္တရာယ်လျော့ပါးရေးအတွက် ဆောင်ရွက်သင့်သည်တို့ကိုအကြံပြုမှာကြားခဲ့ပါသည်။

ရေဘေးသင့်ပြည်သူများအားစေတနာရှင်၊ အလှူရှင်များကအလှူငွေနှင့်စားသောက်ဖွယ်ရာများနေ့စဉ်လှူဒါန်းလျက်ရှိရာ ၁၉-၉-၂၀၂၄ရက်တွင်ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး(ငြိမ်း)နှင့် ဇနီးဒေါ်မြမြစန်းမိသားစုမှ ဉပါတသန္တိစေတီတော်မြတ်ကြီးရှေ့ တပေါင်းကွင်းရှိရေဘေးသင့်ပြည်သူများအားနေ့လည်စာထမင်းဗူး (၃၀၀)ဗူးသွားရောက်လှူဒါန်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဇေယျာသီရိမြို့နယ်နှင့်ပုပ္ဗသီရိမြို့နယ်ရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဉက္ကဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ ကလောမြို့ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး

MOS

DSW

DDM

DOR