ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးကြည်သည်တာဝန်ရှိသူများလိုက်ပါလျက်  ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ သီရိရတနာမူလတန်းကြိုကျောင်းသို့ သွားရောက်၍ ရင်သွေးငယ်လေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြားလေ့ကျင့်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဒုတိယဝန်ကြီးက ရင်သွေးငယ်လေးများ၏ ဘက်စုံဖွံဖြိုးရေးကို ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်၏အနာဂတ်အတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို ရင်းနှီးမြုပ်နှံမှုပြုခြင်းပင်ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာနည်းလမ်းများကို ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နှစ်အလိုက် ကျောင်းတွင်းလှုပ်ရှားမှုဆောင်ရွက်ချက်များဖြစ်ကြသည့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ လေ့လာရေးအစီအစဉ်များနှင့် မိဘအသိပညာပေးအစီအစဉ်များကို ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒပါ ရည်မှန်းချက်များကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက်ဒုတိယဝန်ကြီးက မူကြိုကျောင်းရှိဝန်ထမ်းများ၊ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီးမူကြိုတက်ရောက်လျက်ရှိသော ရင်သွေးငယ်များအတွက် အာဟာရမုန့်များနှင့် ပဲနို့အာဟာရများပေးဝေခဲ့ပါသည်။

ဆက်လက်၍ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လူမှုဝန်ထမ်းရုံးသို့သွားရောက်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင် လူမှုဝန်ထမ်းလုပ်ငန်းပိုင်းဆိုင်ရာများ ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်ကောင်စီဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ရောက်ရှိပြီး ပစ္စည်းများသိုလှောင်ထားရှိမှုအခြေအနေများ၊ ထောက်ပံ့ရေးလုပ်ငန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးမြန်မာနိုင်ငံ အနောက်တောင်မုတ်သုန်လေ ဝင်ရောက်လာမှုနှင့်အတူ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်တတ်သည့် လေဖိအားနည်းရပ်ဝန်းများ၊ မုန်တိုင်းဖြစ်ပေါ်လာနှိုင်မှုများ၊ ယင်းတို့၏ သက်ရောက်မှုများအရ မိုးရွာသွန်းမှု၊ ရေကြီးရေလျှံမှုစသည်တို့နှင့်ပတ်သက်၍ ကြိုတင်သိရှိသတိပြုကာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR