ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

<ထိုင်းနိုင်ငံ>

(၄၁) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်း အဝေး၊ (၁၀) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာလ (၁၇)ရက်နေ့မှ (၂၀)ရက်နေ့ အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌  အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ (ASEAN Committee on Disaster Management- ACDM)နှင့် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Disaster Management -AMMDM) အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။ အောက်တိုဘာလ (၂၀) ရက်နေ့တွင် ကျင်းပသော (၁၀) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်/ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာကိုကိုနိုင်နှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။

အောက်တိုဘာလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနေ့ကို “Stronger Together in Balancing Action to Enhance Localization for Disaster Resilience” ခေါင်းစဉ်ဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး၊ (၁၀) ကြိမ်မြောက် အာဆီယံ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဆက်လက်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများ၊ အာဆီယံနိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေး၌ အာဆီယံနိုင်ငံများမှ ဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက နိုင်ငံအလိုက် ရှင်းလင်းဆွေးနွေးသည့်အစီအစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အာဆီယံဒေသတွင်းနိုင်ငံများသည် နှစ်စဉ်သဘာဝဘေးအန္တရာယ်အမျိုးမျိုး ရင်ဆိုင်လျက်ရှိခြင်းနှင့်အတူ အဆိုပါဘေးအန္တရာယ်များကို ရင်ဆိုင်တုံ့ပြန်ခြင်းဖြင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်မှု ဖြစ်လာစေရန် နိုင်ငံအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုဖြစ်စဉ်များကို ရင်ဆိုင်နေရသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး ဖြစ်ရိုး ဖြစ်စဉ်မဟုတ်သည့် သဘာဝဘေးများလည်း ဖြစ်ပွားလာလျက်ရှိပါကြောင်း၊  ၎င်းဘေးများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စေရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အတူ နိုင်ငံအတွင်းရရှိနိုင်သော နည်းပညာ၊ အရင်း အမြစ်များအသုံးပြုကာ အားလုံးပါဝင်သော နည်းလမ်းဖြင့်ဆောင်ရွက်လျက်ရှိပါကြောင်း ကနဦး ဆွေးနွေးခဲ့ပြီး လတ်တလောအကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်သေဆုံးမှုအခြေအနေများနှင့် ဘေးသင့်ပြည်သူများအား လူသားချင်းစာနာကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ တို့ကို ရှင်းလင်းခဲ့ပါသည်။ ထို့နောက် ဝန်ကြီးဌာနသည် အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းအစီအစဉ်၏ ဒုတိယအဆင့်လုပ်ငန်းများ အကောင်အထည်ဖော်ရေးအတွက် အမျိုးသားကော်မတီ၏ ဦးဆောင်မှု၊ မြန်မာလုပ်ငန်းအဖွဲ့ ပေါင်းစပ်ညှိနှိုင်းမှုတို့ဖြင့်လုပ်ဆောင်ရန် အသင့်ပြင်ဆင်ထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းနှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများတွင် အာဆီယံနှင့်အတူ ဆက်လက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် အာဆီယံ(၁၀)နိုင်ငံမှ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများနှင့်  တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံတို့မှ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီး အဆင့်အစည်းအဝေးများအား သီးခြားစီ ကျင်းပခဲ့ရာ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲကြေညာချက်များနှင့်စပ်လျဉ်း၍ အပိုင်းအလိုက်၊ အခန်းကဏ္ဍအလိုက် ဆွေးနွေးအတည်ပြုခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများဖြစ်သော အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ (၄၁) ကြိမ်မြောက်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား (၁၇-၁၀-၂၀၂၂) ရက်နေ့မှ (၁၉-၁၀-၂၀၂၂) ရက်နေ့အထိ ကျင်းပခဲ့ရာ  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် ကိုယ်စားလှယ်အဖွဲ့က ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ အကောင်အထည်ဖော်နေမှုအခြေအနေ၊ သဘာဝဘေး၊ လူကြောင့်ဖြစ်သော ဘေးများကြောင့် ဘေးသင့်သူများအား နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ပံ့ပိုးကူညီ ထောက်ပံ့မှုအခြေအနေ၊ အာဆီယံနှင့် လုပ်ငန်းများပူးပေါင်းဆောင်ရွက်မှု အခြေအနေများအား ပွင့်ပွင့်လင်းလင်းညှိနှိုင်းဆွေးနွေးကာ ရှေ့ဆက်ပူးပေါင်းအကောင်အထည်ဖော်မည့်လုပ်ငန်းများအား သဘောတူညီမှုများ ရယူခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR