ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်၊ (၁၅:၀၀)အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန(DMC)၌ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကိုယ်စား၊အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၁)၊ပြည်ထဲရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးဌာနများ၊နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၁)၊ပြည်ထဲရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ အတွင်း ဖြစ်ပေါ်လျက်ရှိသော တောင်တရုတ်ပင်လယ်အတွင်းရှိ တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ အရှိန် ကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်လည်းကောင်း တိုင်းဒေသကြီး/ပြည်နယ် အချို့မှာ ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း၊ ရေကြီးသည်နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများကလည်း ကယ်ဆယ်ရေးလုပ်ငန်းများ ကြိုးစားဆောင်ရွက်ခဲ့ကြကြောင်း၊ ဆက်လက်၍ နေအိမ်၊ လမ်းတံတား၊ အခြေခံအဆောက်အဦပျက်စီးမှုများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ  ပြန်လည်ထူထောင်ရေးကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရေဘေးသင့်သူများအတွက် လိုအပ်သော ထောက်ပံ့ကူညီမှုများ ကဏ္ဍအလိုက် ထိခိုက်ပျက်စီးမှုများကို အထက်အဆင့်ဆင့်သို့အချိန်နှင့်တစ်ပြေးညီတင်ပြခြင်း၊  လမ်းညွှန်မှုခံယူ အကောင်အထည်ဖော်ခြင်းတို့ကိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများက ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပေးစေလိုကြောင်းပြောကြားခဲ့ပါသည်။

ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးက ဖြစ်ပွားနေသော ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်း၍ တုံ့ပြန်ဆောင်ရွက်မှုများ၊ASEAN Coordinating Center for Humanitarian Assistance on Disaster Management- AHA Center မှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ရှင်းလင်း ပြောကြားပါသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင် ဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ၊ အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေများအရ ဆောင်ရွက်ရန်လျာထားမှုများကိုဆွေးနွေးတင်ပြကြပါသည်။

ဆွေးနွေးချက်များအရ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေသော နေရာဒေသများအလိုက် သတင်းအချက်အလက် လွယ်ကူလျင်မြန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ပြည်တွင်း/ ပြည်ပမှ လှူဒါန်းရောက်ရှိသော ပစ္စည်းများနှင့်စပ်လျဉ်း၍ လိုအပ်သော သွင်းကုန်ဆိုင်ရာ၊ အကောက်အခွန်ဆိုင်ရာ၊ ပို့ဆောင်မှုဆိုင်ရာ စသည့်လုပ်ငန်းများကို သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် ဝန်ကြီးဌာန/ အဖွဲ့အစည်းများအလိုက်၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် စနစ်တကျ ဆောင်ရွက်နိုင်ရေး၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေ ကိန်းဂဏန်းအချက်အလက်များကို အထက်အဆင့်ဆင့်သို့ အချိန်နှင့် တစ်ပြေးညီတင်ပြနိုင်ရေး၊ ဆည်မြောင်း၊ တာတမံများနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အန္တရာယ်ဖြစ်ပွားနိုင်မှုဆိုင်ရာ အသိပေးချက်များ၊ သတင်းအချက်အလက်များကို ပြည်သူများလက်လှမ်းမီ သိရှိနိုင်ရေး၊ မြစ်ရေကြီးမှုအပါအဝင် သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ခြေရှိသည့် နေရာဒေသများအား အသိပေးကြေညာရာ၌ ထိခိုက်နိုင်ခြေရှိသည့် မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ဖော်ပြကြေညာသွားရန်၊ လိုအပ်ပါက ကြိုတင်ရွှေ့ပြောင်းနိုင်ရေးကိုပါ ထည့်သွင်းဖော်ပြရန်တို့အပါအဝင် စီမံခန့်ခွဲမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR