ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်  ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ ရုံးအဖွဲ့စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ကာကွယ်တားဆီးရေးကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနား၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး          ဦးအောင်ထွန်းခိုင်က အဖွင့်အမှာစကားပြောကြားရာတွင် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှု (၆) ရပ် တို့ကို ကာကွယ်တားဆီးရေးဆောင်ရွက်ခြင်းသည်  ကလေးသူငယ်များအပါအဝင် လူတစ်ဦးချင်းစီ၏ အခွင့်အရေးတို့ကို နေရာဒေသ၊ လူမျိုးမရွေး ခွဲခြားမှုမရှိဘဲ   တန်းတူညီမျှရရှိခံစားနိုင်ရေး၊ သက်ဆိုင်ရာ ရပ်ရွာပတ်ဝန်းကျင်အတွင်း လုံခြုံအေးချမ်းစွာ ရှင်သန်နေထိုင်ရေး၊ လုပ်ကိုင်စားသောက်နိုင်ရေး၊ လူ့အဖွဲ့အစည်း၏ လူ့စွမ်းအားအရင်းအမြစ်များ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်နိုင်ရေးတို့ကို ရရှိစေမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး နောက်ပိုင်းတွင် ကြိုးပမ်းဆောင်ရွက်ချက်တို့ကို   ပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ပါကြောင်း၊ အကျိုးရလဒ်အဖြစ် ကာကွယ်တားဆီးရေးကော်မတီ၏ ထုတ်ပြန် ကြေညာချက် ထုတ်ပြန်ပြီး လုပ်ငန်းစီမံချက်စတင်ဆောင်ရွက်နိုင်ခြင်း၊  Helpline  အကောင်အထည်ဖော်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့တွင်လည်း ကာကွယ်တားဆီးရေးကော်မတီ၏ ရုံးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ကြမည့် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များအတွက် လက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသူငယ်များအပေါ်ကြီးလေးသောကျူးလွန်မှုများဆိုင်ရာ သဘော တရားများ၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအတွက် အခြေခံလိုအပ်ချက်များ ဥပမာအားဖြင့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်းများရရှိနိုင်ရန် ဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံတွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာကျင့်သုံးဆောင်ရွက်နေသည့် ဥပဒေမူဘောင်များ၊ ကြုံတွေ့ရသည့်အခက်အခဲများစသည်တို့ကို  လေ့လာသိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင်  လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများနှင့်စပ်လျဉ်းပြီး ဆက်စပ်ဝန်ကြီး ဌာနများအကြား ပူးပေါင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း၊ ပေါင်းစပ်ဆောင်ရွက်ခြင်းများ ပိုမိုကောင်းမွန်လာစေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

သင်တန်းအား  (၃.၁၁.၂၀၂၂) ရက်မှ (၄.၁၁.၂၀၂၂) ရက်အထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး၊ ကာကွယ် တားဆီးရေးကော်မတီရုံးအဖွဲ့ဝင်များအတွက် ဘာသာရပ်အလိုက် ကျွမ်းကျင်သူများက သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR