ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပင်မလုပ်ငန်းတာဝန်များဖြစ်သည့်  လူမှုဝန်ထမ်း လုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ နှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ (၂/၂၀၂၂)လပတ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်း အတွင်းဝန်၊ ဒေါက်တာကိုကိုနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လူကိုယ်တိုင်ပါဝင် တက်ရောက်သည့်ပုံစံဖြင့်လည်းကောင်း၊ ဝန်ကြီးရုံးမှ  ဌာနခွဲတာဝန်ခံ လက်ထောက်အတွင်းဝန်များ၊ ဦးစီးဌာန(ရုံးချုပ်)များမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူး များ သင်တန်း ကျောင်းများ၊ စခန်းများ၊ ဂေဟာများ၊ ဌာနငယ်များမှ တာဝန်ခံအရာရှိများက Virtual ပုံစံဖြင့် လည်းကောင်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။                                                                                      

          အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာ၌ ယခင်ပြုလုပ်ခဲ့တဲ့ (၁/၂၀၂၁)နဲ့ (၁/၂၀၂၂) လပတ်လုပ်ငန်းညှိနှိုင်း အစည်း အဝေးတွေမှာ ဆုံးဖြတ်ခဲ့တဲ့အချက်တွေနဲ့ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို မျှော်မှန်းကာလအတိုင်း သတ်မှတ်ချက်အချိန်အလိုက် ပြီးစီးမှုရှိ/ မရှိ တာဝန်ခံအရာရှိကြီးတွေက လမ်းညွှန်မှုခံယူလိုတဲ့အချက်များအပါအဝင် သုံးသပ်ဆွေးနွေးပေး ကြဖို့ဖြစ်ပါကြောင်း၊ သင်တန်းကျောင်းများနှင့်ကလေးပြုစုရေးဌာနတို့ကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က တာဝန်ရှိသူတွေသွားရောက်စစ်ဆေးထားရှိတဲ့ အစီရင်ခံစာပါအကြံပြု ချက်များအတိုင်း အကောင်အထည်ဖော်သွားဖို့ဖြစ်ပါကြောင်း၊ Gender Base Violence များအပါ အဝင် Case Management ဆောင်ရွက်ရ မယ့်ကိစ္စရပ်များကို Social Media ကိုအသုံးပြုပြီး Viber, Messenger တို့နဲ့တိုင်ကြားနိုင်ရေးနည်းလမ်းများ တိုးချဲ့ထားပြီးဖြစ်တဲ့အတွက် စိစစ်အရေးယူကူညီ ဆောင်ရွက်ပေးနိုင်မယ့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲတင်ပြရန်ဖြစ်ပါကြောင်း၊ အခြေခံပညာ ကျောင်းတွေမှာ လာမယ့်စာသင်နှစ်အစမှာ ဆောင်ရွက်လိုတဲ့ အသိပညာပေးလုပ်ငန်းတွေနဲ့ပတ် သက်ပြီး သင်ခန်းစာအကျဉ်းပြုစုဖို့နဲ့ TOT ပေးနိုင်ဖို့အတွက် ဦးစီးဌာနများပေါင်းစပ် ဆောင်ရွက် သွားကြဖို့ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်ကြရန်နှင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး /ပြည်နယ်များမှာ သတ်မှတ်ထားတဲ့ကာလအတွင်း ကာကွယ်ဆေးများ သွားရောက်ထိုးနှံကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လုပ်ငန်းများ ဆက်လက်တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဖြည့်ဆည်းပေးရမည့် အချက်များနှင့် ဝန်ထမ်းများဘက်မှ တက်ကြွဂုဏ်ယူစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် ကိစ္စရပ် များအား ဆွေးနွေးမှာကြားခဲ့ပြီး အမြဲတမ်းအတွင်းဝန်က ယခင်ပြုလုပ်ခဲ့သည့် (၁/၂၀၂၂)အစည်းအဝေး ဆုံးဖြတ်ချက်များတစ်ချက်ချင်းအပေါ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ အား ဖတ်ကြား ရှင်းလင်းတင်ပြခဲ့ပါသည်။

          ဆက်လက်၍ ဝန်ကြီးရုံးဌာနခွဲများမှ လက်ထောက်အတွင်းဝန်များ၊ ဦးစီးဌာန(ရုံးချုပ်)များမှ တာဝန်ခံညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ သင်တန်းကျောင်းများ၊ စခန်းများ၊ ဂေဟာများ၊ ဌာနငယ်များမှ တာဝန်ခံအရာရှိများက လုပ်ငန်းတိုးတက်မှုအခြေအနေများ၊ လမ်းညွှန်မှုခံယူလိုသည့်အချက်များနှင့် ညှိနှိုင်းဖြည့်ဆည်းပေးစေလိုသည့်အချက်များအား ဆွေးနွေး တင်ပြခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့က လိုအပ် ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ ညနေပိုင်းတွင်အစည်းအဝေးကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဇေယျာသီရိမြို့နယ်နှင့်ပုပ္ဗသီရိမြို့နယ်ရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဉက္ကဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ ကလောမြို့ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး

MOS

DSW

DDM

DOR