ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းသည် (၂.၁၀.၂၀၂၃)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ခရိုင်လူမှုဝန်ထမ်းရုံးနှင့် မူလတန်းကြိုကျောင်းသို့ သွားရောက်ပြီး ကလေးငယ်များကို ပြုစုပျိုးထောင်ပေးနေမှုအား ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက  မူကြိုအရွယ်ကလေးသူငယ်များသည် အနာဂတ်၏ အဖိုးတန်ရတနာများဖြစ်သဖြင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးနည်းလမ်းများနှင့်အညီ စနစ်တကျပြုစုစောင့်ရှောက်ရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားကာ ဝန်ထမ်းများသည် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင်  ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ စေတနာထားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာနက တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးထားသော ချယ်ရီမြေဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး ဘိုးဘွားများအား ရင်းရင်းနှီးနှီး တွေ့ဆုံဂါရဝပြုခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ကာ ဘိုးဘွားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ ပြင်ဦးလွင်မြို့ ပရဟိတမျက်မမြင်ဘက်စုံပညာသင်ကျောင်းသို့ သွားရောက်၍ ဆရာတော်ဦးဉေယျကို ဖူးမြော်ကန်တော့ကာအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဇေယျာသီရိမြို့နယ်နှင့်ပုပ္ဗသီရိမြို့နယ်ရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဉက္ကဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ ကလောမြို့ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး

MOS

DSW

DDM

DOR