ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်ယနေ့နံနက်ပိုင်းတွင်မန္တလေးလူငယ်သင်တန်းကျောင်းသို့ရောက်ရှိခဲ့ရာကျောင်းအုပ်ကလုပ်ငန်းဆောင်ရွက်မှုများကိုလှည့်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်ဒုတိယဝန်ကြီးကကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်အညီထိန်းသိမ်းစောင့်ရှောက်ပေးရန်၊စာပေနှင့်အသက်မွေးပညာများသင်ကြားပေးရန်၊လူ့ကျင့်ဝတ်နှင့်စည်းကမ်းများကိုတန်ဖိုးထားပြီးအမှီအခိုကင်းစွာဖြင့်ရပ်ရွာအတွင်းပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးစနစ်တကျဆောင်ရွက်ပေးရန်၊တစ်ဦးချင်း၏လူမှုရေးပြဿနာများကိုစိစစ်ဖေါ်ထုတ်ပြီးလူမှုဝန်ထမ်းနည်းစနစ်များဖြင့်ကုစားပေးရန်ပြောကြားခဲ့ပါသည်။

ဆက်လက်၍မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးစခန်းသို့ရောက်ရှိခဲ့ရာစခန်းတာဝန်ခံကလုပ်ငန်းဆောင်ရွက်မှုများကိုရှင်းလင်းတင်ပြခဲ့ပြီးစခန်း၏ အခြေအနေများအားလှည့်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးကမူးယစ်ဆေးဝါးသုံးစွဲသူများကိုပြစ်မှုကျူးလွန်သည်ဟုမသတ်မှတ်ဘဲမူးယစ်ဆေး၏သားကောင်များအဖြစ်သတ်မှတ်ပြီးပြန်လည်ထူထောင်မှုပေးရန်၊မူးယစ်ဆေးစွဲသံသရာမှလွတ်မြောက်စေရန်အတွက်ပြန်လည်ထူထောင်ရေးကာလနောက်ပိုင်းတွင်နောက်ဆက်တွဲစောင့်ရှောက်ရေးလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်ပေးရန်လမ်းညွှန်မှာကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးသည်မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာဥပဒေအရလူမှုဝန်ထမ်းဦးစီးဌာန၏တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားသော Super Baby ပုဂ္ဂလိကပညာသင်အထူးကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာတာဝန်ခံကလိုက်လံရှင်းလင်းပြသခဲ့ပြီးမန္တလေးကလေးပြုစုရေးဌာနတွင်မန္တလေးတိုင်းဒေသကြီးအတွင်းတည်ထောင်ခွင့်ပြုမိန့်ရမသန်စွမ်းပုဂ္ဂလိကပညာသင်အထူးကျောင်း(၁၁)ကျောင်းမှတာဝန်ခံများအားတွေ့ဆုံ၍မသန်စွမ်းအခွင့်အရေးဆိုင်ရာ ဥပဒေနှင့်အညီပြုစုစောင့်ရှောက်ပြီရလဒ်ကောင်းများရရှိရေးဆောင်ရွက်ပေးရန်နှင့်မသန်စွမ်းကျောင်း၏စံသတ်မှတ်ချက်များပြည့်မီစွာဖြင့်လေ့ကျင့်သင်ကြားပေးရန်၊မသန်စွမ်းဆိုင်ရာလှုပ်ရှားမှုများတွင်ပူးပေါင်းပါဝင်ရန်လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက်ဒုတိယဝန်ကြီးသည်ကလေးပြုစုရေးဌာနကိုကြည့်ရှုစစ်ဆေးရာတာဝန်ခံကအသက်၁၀နှစ်အောက်မိဘမဲ့ကလေးငယ်များကိုလက်ခံပြုစုစောင့်ရှောက်နေမှုများအားရှင်းလင်းတင်ပြပါသည်။ဒုတိယဝန်ကြီးကကလေးသူငယ်အခွင့်အရေးဥပဒေနှင့်အညီအသက်ရှင်သန်ခွင့်၊ဖွံ့ဖြိုးတိုးတက်ခွင့်၊ကာကွယ်စောင့်ရှောက်ခံခွင့်၊ပါဝင်ဆောင်ရွက်ခွင့်များရရှိရေးအတွက်ရှေးဦးအရွယ်ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးနည်းလမ်းများဖြင့်စနစ်တကျပြုစုစောင့်ရှောက်ပေးရန်၊ရှေးဦးအရွယ်ကလေးသူငယ်များမှာချစ်ခြင်းမေတ္တာတရား၊နွေးထွေးမှုများလိုအပ်ပြီးကိုယ်ချင်းစာတရားနှင့်အလေ့အကျင့်ကောင်းများသင်ကြားပေးရန်၊ပတ်ဝန်းကျင်ဝင်ဆံ့ရေးအစီအစဉ်များဆောင်ရွက်ရန်နှင့်ကလေးမွေးစားခြင်းများကိုကလေး၏အကောင်းဆုံးအကျိုးစီးပွားအတွက်သာဖြစ်စေရေးဥပဒေနှင့်အညီစိစစ်ဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးသည်အမျိုးသမီးကလေးများသင်တန်းကျောင်းသို့ရောက်ရှိခဲ့ရာကျောင်းအုပ်ကကလေးပြုစုရေးဌာနမှပို့အပ်သောအမျိုးသမီးကလေးများအားပညာသင်ကြားပေးမှု၊အသက်မွေးပညာသင်ကြားပေးနေမှုများကိုရှင်းလင်းတင်ပြရာဒုတိယဝန်ကြီးကရပ်ရွာအတွင်းဝင်ဆံ့ပြီးဘဝရပ်တည်နိုင်ရေးအတွက်တစ်ဦးချင်း၏အားနည်းချက်၊အားသာချက်များကိုဖေါ်ထုတ်ပေးပြီးဘဝရပ်တည်နိုင်ရေးအတွက်စနစ်တကျလေ့ကျင့်သင်ကြားပေးရန်၊သင့်လျော်သောစာပေနှင့်အသက်မွေးပညာရပ်များကိုသင်ကြားပေးပြီးကောင်းမွန်စွာဘဝရပ်တည်နေနိုင်ရေးအတွက်တစ်ဦးချင်း၊အုပ်စုလိုက်အသိပညာပေးအစီအစဉ်များကိုဆောင်ရွက်ပေးရန်လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ဒုတိယဝန်ကြီးသည်လူကုန်ကူးခံရသူများယာယီလက်ခံစောင့်ရှောက်ရေးဂေဟာသို့ရောက်ရှိခဲ့ရာတာဝန်ခံမှလုပ်ငန်းဆောင်ရွက်နေမှုများကိုရှင်းလင်းတင်ပြခဲ့ပါသည်။ဒုတိယဝန်ကြီးကလူကုန်ကူးခံရသူများသည်လူမှုဒုက္ခအမျိုးမျိုးကိုခံစားခဲ့ကြရသဖြင့်လူမှုရေးပညာအသိဖြင့်ပြုစုစောင့်ရှောက်ပေးရန်၊အခက်အခဲများကိုကိုယ်တိုင်သိမြင်ပြီးဖြေရှင်းနိုင်မည့်နည်းလမ်းများကိုကူညီဖေါ်ထုတ်ပေးရန်အတွက်နှစ်သိမ်းဆွေးနွေးမှုများစနစ်တကျဆောင်ရွက်ပေးရန်၊မိသားစုရပ်ရွာအတွင်းပြန်လည်ဝင်ဆံ့နိုင်ရေးကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရန်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးအစီအစဉ်များကိုပြည်သူလူထုသိရှိရေးနှင့်လူကုန်ကူးမှုအန္တရာယ်ကျရောက်နိုင်မှုများကိုသိရှိသူကအလွယ်တကူတိုင်ကြားနိုင်ရေး၊လူကုန်ကူးမှုအန္တရာယ်မှလွတ်မြောက်နိုင်ရေးအလျင်အမြန်တုန့်ပြန်ဆောင်ရွက်ပေးရေးအစီအစဉ်များကိုဆောင်ရွက်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR