ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အဖြစ် ဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို (၂၅-၉-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့် လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးအန္တရာယ်များကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများတွင် မျိုးဆက်သစ်လူငယ်များ၏ စွမ်းဆောင်ရည်ပြည့်ဝစွာပူးပေါင်းပါဝင်မှုသည် လွန်စွာအရေးပါကြောင်း၊ မသန်စွမ်းသူများအပါအဝင် အားလုံးအကျုံးဝင် ပါဝင်ဆောင်ရွက်သည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများဖြစ်စေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုနှင့်  ပိုမိုဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များ၏ အကျိုးဆက်များ လျော့နည်းစေရေးအတွက် မျိုးဆက်သစ်တို့က ထဲထဲဝင်ဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်းတွင်  သဘာဝဘေး အန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ခြင်းကဏ္ဍများအလိုက် အသိပညာ၊ အတွေ့အကြုံများရရှိစေရန်နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုတွင် လူငယ်များ၏ အခန်းကဏ္ဍများ သိရှိစေရန် ပို့ချသွားမည်ဖြစ်ကြောင်း၊တက်ရောက်သူများအနေဖြင့်ရရှိလာမည့် အသိပညာဗဟုသုတများကိုပြန်လည်မျှဝေ၊ အသုံးချခြင်းဖြင့် မိမိအကျိုး၊ အများအကျိုး၊ မိမိနိုင်ငံ၊ မိမိတို့၏ပတ်ဝန်းကျင်နှင့် လူသားအားလုံးအတွက် ကြိုးစားဆောင်ရွက်ကြရန်တို့ကို ပြောကြားပါသည်။ အဆိုပါ သင်တန်းသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးတို့ရှိ အရပ်ဘက် လူမှုရေးအသင်းအဖွဲ့များမှ လူငယ်သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးဖြင့် (၂၅-၉-၂၀၂၄)ရက်နေ့မှ(၂၇-၉-၂၀၂၄)ရက်နေ့အထိ(၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR