ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင်မီးဘေးလုံခြုံရေးအသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့မီးငြိမ်းသတ် သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကိုအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနရှိ အစည်းအဝေးခန်းမ၌ (၁၄.၁၂.၂၀၂၃) ရက်နေ့တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မီးသတ်ဦးစီးဌာန၊ ဥတ္တရသီရိမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်မိမိတို့ဝန်ကြီးဌာနတွင်  မီးဘေးလုံခြုံရေးဆိုင်ရာ Core Group ကိုလည်း ဖွဲ့စည်းထားရှိပါကြောင်း၊ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၉)ရက်တွင် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်း(၃၅)ဦးအား ပထမအကြိမ်မီးဘေးလုံခြုံရေးဆိုင်ရာဆင့်ပွားသင်တန်းပေးခဲ့ပြီးယခု ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁၄)ရက်နေ့တွင်ဒုတိယအကြိမ် မီးဘေးလုံခြုံရေးအသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့မီးငြိမ်းသတ်သရုပ်ပြလေ့ကျင့်သည့် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းသည်အရေးကြီးဆုံးဖြစ်သည့်အတွက် သင်တန်းသား/သင်တန်းသူများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ခြင်းသင်ခန်းစာများကို လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း၊ Second Nature ဖြစ်အောင်လေ့ကျင့်ကြရမည်ဖြစ်ပါကြောင်း၊ မီးဘေး လုံခြုံရေးစီမံချက်ပါအတိုင်း  ဇာတ်တိုက်လေ့ကျင့်ထားရန်လိုအပ်ပါကြောင်း၊  မီးဘေးအန္တရာယ်ဖြစ်ပွားလျင် လူ့အသက်အန္တရာယ်နှင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးမှုများကြီးမား၍ အထူးဂရုပြုကြရန်လိုအပ်ပါကြောင်း၊ မီးဘေးလုံခြုံရေးအသိပညာပေး သင်ခန်းစာများသည်များစွာအကျိုးရှိပြီး မိမိနှင့်မိမိမိသားစုများအတွက်သာမက ဝန်ကြီးဌာနနှင့် ပြည်သူလူထုအတွက်ပါများစွာအကျိုးရှိပါကြောင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများ၊ လက်တွေ့မီးငြိမ်းသတ်သရုပ်ပြလေ့ကျင့်ခန်းများကိုလည်း စိတ်ပါဝင်စားစွာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ယခုသင်တန်းမှသင်ကြားပေးသော သင်ခန်းစာများ၊ လက်တွေ့မီးငြိမ်းသတ်ခြင်းသင်ခန်းစာနှင့် အတွေ့အကြုံများကိုလည်း မိမိတို့ရုံးဌာနရှိ အခြားဝန်ထမ်းများနှင့် နီးစပ်ရာပြည်သူလူထု များသို့လည်း ပြန်လည်မျှဝေသွားရန်လိုအပ်ပါကြောင်းမှာကြားခဲ့ပါသည်။

ထို့နောက် မီးသတ်ဦးစီးဌာန၊ ဥတ္တရသီရိမြို့နယ်မီးသတ်ဦးစီးမှူးက မီးဘေးလုံခြုံရေး အသိပညာပေး ဘာသာရပ်များဖြစ်သော ရုံးဌာနများ၊ ရုံးတွင်းမီးဘေးကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ အရေးပေါ်မီးလောင်မှုအခြေအနေများအား DCP မီးသတ်ဆေးဗူးဖြင့် ရှေးဦးမီးငြိမ်း သတ်ခြင်း၊ လျှပ်စစ်မီးဘေးကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ရုံးဌာနများတွင်တောမီးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ အရေးပေါ် လွတ်မြောက်ပေါက်နှင့် Emergency Exit Plan များအကြောင်း၊ ဆီမီး၊ ဂက်စ်မီးနှင့် အိမ်တွင်းမီးဖိုမီးများအား လက်တွေ့လေ့ကျင့် မီးငြိမ်းသတ်ခြင်းနှင့် မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်း (Fire Drill) သင်ခန်းစာများကို ပို့ချဆွေးနွေးခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးရှေ့တွင် မီးဘေးလုံခြုံရေးလက်တွေ့မီးငြိမ်းသတ် သရုပ်ပြလေ့ကျင့်ခြင်းပြုလုပ်ရာ သင်တန်းသား/သင်တန်းသူများ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ဆီမီး၊ မီးဖိုမီး၊ ဂက်စ်မီးအစရှိသည်များကို မိမိပတ်ဝန်းကျင်ရှိ အထောက်အကူပြုပစ္စည်းများဖြင့် လက်တွေ့မီးငြိမ်းသတ် သရုပ်ပြလေ့ကျင့်ခြင်းများကို ပါဝင်ဆောင်ရွက်ခဲ့ကြပြီးလက်တွေ့မီးငြိမ်းသတ်သရုပ်ပြလေ့ကျင့်ခြင်းအခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဇေယျာသီရိမြို့နယ်နှင့်ပုပ္ဗသီရိမြို့နယ်ရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဉက္ကဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ ကလောမြို့ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး

MOS

DSW

DDM

DOR