ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာနလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ(၁)၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဥက္ကဌ(၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတို့ ဦးဆောင်၍ အောက်တိုဘာလ (၃၀)ရက်နေ့၊ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အတွင်းရေးမှူးများ ဖြစ်ကြသည့် အမြဲတန်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ လုပ်ငန်းကော်မတီဝင် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဒုတိယဥက္ကဌ(၁)၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ထိခိုက်ပျက်စီးမှုများနှင့်စပ်လျဉ်းသည့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အပြီးဆောင်ရွက်ရန် လမ်းညွှန်ထားရှိကြောင်း၊ ယခုအစည်းအဝေးတွင်  ရည်မှန်းထားသည့်အချိန်ကာလတွင် ပြန်လည်တည်ဆောက်မှုမပြီးနိုင်သည့်လုပ်ငန်းများရှိပါကအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် ပံ့ပိုးဆောင်ရွက်ပေးရန် လိုအပ်ချက်များတင်ပြရန်ဖြစ်ကြောင်း၊ မိုးလေဝသကြိုတင်ခန့်မှန်းချက်အရဖြစ်ပေါ်လာနိုင်သည့်ရာသီဥတုအခြေအနေများနှင့်  မြန်မာနိုင်ငံအပေါ် သက်ရောက်မှုများအားတုံ့ပြန်ဆောင်ရွက်နိုင်ရေးလုပ်ငန်းကော်မတီများအလိုက်၊ ဒေသအလိုက် ပြင်ဆင်ထားရန်လိုအပ်ကြောင်းပြောကြားပါသည်။

ဒုတိယဥက္ကဌ(၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းက ပြောကြားရာ၌ ရေဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို တင်ပြကြရာတွင် အချက်အလက်များ ပြည့်ပြည့်စုံ စုံဖြင့် ဖေါ်ပြကြစေလိုပါကြောင်း၊ ဌာနဆိုင်ရာအဆောက်အဦးများ ပြုပြင်ဆောင်ရွက်ရာတွင် သင့် လျော်သည့် ရံပုံငွေဖြင့် ဆောင်ရွက်မည့် အစီအမံများကို လမ်းညွှန်ချက်များနှင့်အညီ တင်ပြပေးကြ ရန်ဖြစ်ပါကြောင်း၊ ပျက်စီးဆုံးရှုံးမှုကိန်းဂဏန်းအချက်အလက်များ အတည်ပြုတင်ပြနိုင်ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီနှင့် အစိုးရအဖွဲ့များ ညှိနှိုင်းစိစစ်၍ ဆောလျင်စွာ ဆောင်ရွက်ကြစေ လိုပါကြောင်းနှင့် လက်ရှိပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆောင်ရွက်ရန်ကျန်လုပ်ငန်းများအတွက်ပြီးစီးနိုင်မည့် အခြေအနေတို့ကို ဖေါ်ပြတင်ပြဆွေးနွေး ကြရန် တို့ကို ပြောကြားပါသည်။

အစည်းအဝေးတွင် ရာဂီမုန်တိုင်းနှင့်ဆက်စပ်၍ ရေကြီး/ရေလျှံမှုဖြစ်ပွားခဲ့သော နေပြည်တော်ကောင်စီ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး တို့တွင် သေဆုံးခဲ့ရသူများ၏ မိသားစုများသို့ ထောက်ပံ့ပြီးစီးမှုအခြေအနေ၊ နေအိမ်လုံးဝပျက်စီးမှု၊ တစ်စိတ်တစ်ပိုင်းပျက်စီးမှု ဖြစ်ပေါ်ခဲ့သော အိမ်ထောင်စုများသို့ ထောက်ပံ့ပြီးစီးမှု၊ ထိခိုက်ခဲ့သော စပါးစိုက်တောင်သူလယ်သမားများ၊ ငါးမွေးတောင်သူများ၊ တိရစ္ဆာန်မွေးမြူသူများသို့  ထောက်ပံ့ရေးဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နယ်စပ်၊ ကျေးလက်၊ စည်ပင်သာယာ အစရှိသည့် လမ်း/တံတားများ ပြုပြင်ဆောင်ရွက်နေမှု၊ လျှပ်စစ်၊ ဆက်သွယ်ရေးလုပ်ငန်းများပြုပြင်နေမှု၊မီးရထားလမ်းပိုင်း ပျက်စီးခဲ့မှုများအပေါ် ပြုပြင် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်နေမှုများ၊ ပျက်စီးဆုံးရှုံးမှုစာရင်းဇယားကိန်းဂဏန်းကောက်ယူ စုစည်းအတည်ပြုနိုင်ရေးဆောင်ရွက်နေမှုများတို့ကို သက်ဆိုင်ရာနယ်မြေဒေသအလိုက်၊ လုပ်ငန်းဌာန၊ အဖွဲ့အစည်းအလိုက်ဆွေးနွေးတင်ပြကြရာ ဒုတိယဥက္ကဌများကတွေ့ကြုံနေရသည့်အခက်အခဲများ၊ ပေါင်းစပ်ညှိနှိုင်းပေးရန်လိုအပ်သည်များ၊ဖြည့်စွက်ဆောင်ရွက်ရန်များကိုမေးမြန်း၊ဖြည့်ဆည်းပေးခဲ့ကြပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ကဏ္ဍအလိုက်ပြီးစီးရေး ဆောင်ရွက်ပေးကြရန်၊ ထောက်ပံ့မှုလုပ်ငန်းများ၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ မှန်ကန်ရှင်းလင်းပြည့်စုံစွာ ပြုစုတင်ပြရေးနှင့် မှတ်တမ်း၊ အထောက်အထားများ စနစ်တကျထားရှိရန်တို့ကို မှာကြားခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR