ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ပြန်လည်ထူထောင်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြန်လည်ထူထောင်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင်ကျင်းပခဲ့ရာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါး များအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ပြန်လည်ထူထောင်ရေးအဖွဲ့ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ပြန်လည်ထူထောင်ရေးအဖွဲ့ ဥက္ကဋ္ဌကမြန်မာနိုင်ငံအနေဖြင့်မူးယစ်ဆေးဝါးပြဿနာကိုအမျိုးသားရေးတာဝန်အဖြစ်ကြိုးပမ်းဆောင်ရွက်နေပြီး မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက်ဝန်ကြီးဌာနအသီးသီးနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊အရပ်ဖက်လူမှုအဖွဲ့အစည်းများကလည်းကဏ္ဍအလိုက် နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အောက်တွင်လုပ်ငန်းအဖွဲ့(၁၁)ဖွဲ့ ဖွဲ့စည်းထားပြီး ပြန်လည်ထူထောင်ရေးအဖွဲ့အနေဖြင့်မူးယစ်ဆေးဝါးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန် မူဝါဒနှင့် လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်းများ၊ နှီးနွယ်ဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ခြင်း၊ မူးယစ်ဆေးစွဲလူနာများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပေးခြင်း၊ နောက်ဆက်တွဲစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းတို့အား ကြီးကြပ်လမ်းညွှန်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုစသည့်နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် Non-Traditional Security Threats အဖြစ် ဆက်နွယ်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများသည် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို များစွာထိခိုက်စေနိုင်ပြီး လူသားအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပါကြောင်း၊ အဖွဲ့ဝင်ဌာနများအနေဖြင့် မူးယစ်ဆေးသုံးစွဲသူများပြန်လည်ထူထောင်ရေး၊ မူးယစ်ဆေးပြန်လည်မသုံးစွဲရေးအတွက် ဆောင်ရွက်မှုအခြေအနေများကို တင်ပြဆွေးနွေးပေးရန် မှာကြားခဲ့ပါသည်။ဆက်လက်၍ပြန်လည်ထူထောင်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကလုပ်ငန်းဆောင်ရွက်ချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက်အစည်းအဝေးတက်ရောက်သူများမှသက်ဆိုင်ရာကဏ္ဍအလိုက်ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီးအစည်းအဝေးသို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊နည်းပညာသက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အစည်းအဝေးအား(၁၁:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR