ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ပြည်ထောင်စုနယ်မြေ၊တိုင်းဒေသကြီး/ပြည်နယ်များမှဦးစီးမှူးများ၊တာဝန်ခံများနှင့်တွေ့ဆုံ၍ဝန်ကြီးဌာန၏ (၁-၂-၂၀၂၁)ရက်နေ့မှ (၃၁-၁၂-၂၀၂၂)ရက်နေ့အထိလုပ်ငန်းဆောင်ရွက်ချက်များအပေါ်ဆန်းစစ်အကဲဖြတ်ခြင်းနှင့်ခြုံငုံသုံးသပ်ခြင်းအစည်းအဝေးကိုယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၂၃)၊ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌စတင်ကျင်းပပြုလုပ်ခဲ့ရာပြည်ထောင်စုဝန်ကြီး၊ဒေါက်တာသက်သက်ခိုင်၊အမြဲတမ်းအတွင်းဝန်၊ဒေါက်တာကိုကိုနိုင်၊ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ဝန်ကြီးရုံးမှဌာနခွဲတာဝန်ခံလက်ထောက်အတွင်းဝန်များ၊ဦးစီးဌာန(ရုံးချုပ်)မှညွှန်ကြားရေးမှူးများ၊တိုင်းဒေသကြီး/ပြည်နယ်များမှဦးစီးမှူးများ၊တာဝန်ခံများမှပါဝင်တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင်ပြည်ထောင်စုဝန်ကြီးကလုံခြုံရေးအရစိန်ခေါ်မှုများသောကာလအတွင်းပုံမှန်ဆောင်ရွက်နေရသည့်လုပ်ငန်းကိစ္စရပ်များအားအခက်အခဲကြားမှဆောင်ရွက်နေရသည့် ဝန်ထမ်းများအားလုံး၏စေတနာနှင့်ဆောင်ရွက်ချက်များကိုဂုဏ်ယူမှတ်တမ်းတင်ရှိပါကြောင်း၊ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားသည့်ကာလအတွင်းဝန်ကြီးဌာနအနေဖြင့်ပရဟိတအဖွဲ့အစည်းများကိုစည်းရုံးကာပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက်ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ကိုဗစ်ကာလအတွင်း Work from Home အနေဖြင့် Online အသုံးပြု၍ လုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြရပြီးအခြေအနေအရပ်ရပ်၊အခက်အခဲအမျိုးမျိုးကြားမှကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိနဲ့ဆောင်ရွက်နိုင်ခဲ့ကြတာကိုတွေ့ရှိရပါကြောင်း၊ဦးစီးဌာနများအနေဖြင့် ရုံးချုပ်နှင့်တိုင်းဒေသကြီး /ပြည်နယ်ဦးစီးမှူးရုံးများလုပ်ငန်းဆောင်ရွက်ရာတွင်သဘောသဘာဝမတူညီကြဘဲတိုင်းဒေသကြီး / ပြည်နယ်ဦးစီးမှူးရုံးများအနေဖြင့်လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်း၊ပြည်သူလူထုနှင့်ထိတွေ့၍ဆောင်ရွက်ပေးနေခြင်းများကိုတွေ့ရှိရပြီးရုံးချုပ်အနေဖြင့်နည်းပညာပိုင်းဆောင်ရွက်မှု၊အထက်ဌာနများ၏လမ်းညွှန်ချက်နှင့်အညီ  ကြီးကြပ်မှုများပြုလုပ်ကြရပြီးလုပ်ငန်းများကိုစနစ်တကျဖြင့်ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်သွားကြရန်တိုက်တွန်းလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်ချမှတ်ထားသည့်မူဝါဒများနှင့်အညီမြန်မြန်ဆန်ဆန်မှန်မှန်ကန်ကန်ဆောင်ရွက်ရန်လိုပါကြောင်း၊MoU/LoAအသစ်ရေးထိုးနိုင်ရေးဆောင်ရွက်လျှက်ရှိသော UN/ INGO အဖွဲ့များနှင့်ပတ်သက်၍လည်းဆောင်ရွက်ရမည့်လု်ပငန်းစဉ်များပြည်စုံရေး၊လိုက်နာရမည့်အချက်အလက်များမှန်ကန်တိကျရေးအလေးထားဆောင်ရွက်ပြီးပြည့်စုံမှသာထောက်ခံချက်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊အစည်းအဝေးသို့တက်ရောက်လာကြသူများ၏တင်ပြချက်များအပေါ် အလေးထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့်လုပ်ငန်းများအရှိန်အဟုန်မပျက်တိုးတက်ရေးဆောင်ရွက်သွားကြရန်စသည်ဖြင့်လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍အမြဲတမ်းအတွင်းဝန်က၁-၂-၂၀၂၁ရက်နေ့မှ၃၁-၁၂-၂၀၂၂ရက်နေ့အထိ ဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးကလိုအပ်သည်များညှိနှိုင်းဆွေးနွေးခြင်း၊ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလမ်းညွှန်မှာကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍လူမှုဝန်ထမ်းဦးစီးဌာနနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှပြည်ထောင်စုနယ်မြေ၊တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများမှမိမိတို့တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများအလိုက်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊အကောင်အထည်ဖော်နိုင်မှုရလဒ်များ၊တွေ့ကြုံရသည့်အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုဆွေးနွေးတင်ပြခြင်းများဆောင်ရွက်ခဲ့ရာရှင်းလင်းချက်များအပေါ်ပြည်ထောင်စုဝန်ကြီးကလိုအပ်ချက်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးအစည်းအဝေးကို (၁၇:၀၀)နာရီတွင်ရပ်နားခဲ့ပါသည်။

ညနေပိုင်းတွင်ပြည်ထောင်စုဝန်ကြီး၊အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများသည်အစည်းအဝေးသို့တက်ရောက်လာသည့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့်အတူညစာအတူတကွသုံးဆောင်ခဲ့ပြီးတက်ရောက်လာသူများအားပြည်ထောင်စုဝန်ကြီးကရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါကြောင်းသိရှိရပါသည်။

ဝန်ကြီးဌာန၏အဆိုပါဆန်းစစ်အကဲဖြတ်ခြင်းနှင့်ခြုံငုံသုံးသပ်ခြင်း အစည်းအဝေးကို၂၄-၁-၂၀၂၃ရက်နေ့တွင်ဒုတိယနေ့အဖြစ်ထပ်မံကျင်းပသွားမည်ဖြစ်ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဇေယျာသီရိမြို့နယ်နှင့်ပုပ္ဗသီရိမြို့နယ်ရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဉက္ကဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ ကလောမြို့ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး

MOS

DSW

DDM

DOR