လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်ချက်ဖြစ်သောရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းအတွက် မူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲအခမ်းအနားကိုပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာမြို့တွင် ယနေ့နံနက်ပိုင်း၌ ကျင်းပခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ပဲခူးတိုင်းဒေသကြီးလူမှုရေးဝန်ကြီးဒေါက်တာထူးခြားအောင်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးဒုတိယဝန်ကြီးနှင့်အဖွဲ့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

ထို့နောက်ဖွင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာဒုတိယဝန်ကြီးကမွေးစမှအသက်၈နှစ်ထိရှေးဦးအရွယ်ကလေးသူငယ်ဘဝသည်ဘဝတစ်လျှောက်လုံးအတွက်သင်ယူမှု၏အခြေခံနှင့်ကျန်းမာဖွံ့ဖြိုးရေးအတွက်စနစ်တကျလေ့ကျင့်သင်ကြားပေးရမည့်အချိန်ကာလဖြစ်ပါကြောင်း၊ရှေးဦးအရွယ်ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးနည်းစနစ်များနှင့်အညီစနစ်တကျပြုစုပျိုးထောင်ပေးသွားမှာဖြစ်ပါကြောင်း၊မူလတန်းကြိုကျောင်းဖွင့်လှစ်နိုင်သည့်အတွက်ကလေးသူငယ်များဘက်စုံဖွံ့ဖြိုးရေးဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်သဖြင့်မြေနှင့်အဆောက်အဦလှူဒါန်းသူများအားအထူးကျေးဇူးတင်ရှိပါကြောင်း၊ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက်ဌာနမူလတန်းကြိုကျောင်းများဖွင့်လှစ်ခြင်း၊ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများကိုနည်းပညာနှင့်ငွေကြေးထောက်ပံ့ခြင်း၊ပုဂ္ဂလိကမူလတန်းကြိုကျောင်းများတည်ထောင်ခွင့်ပြုခြင်းများဖြင့်ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးကိုဆောင်ရွက်ပေးလျှက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက်လူမှုဝန်ထမ်းဦးစီးဌာန၏တည်ထောင်ခွင့်ပြုမိန့်ရပြွန်တန်ဆာမြို့ဘိုးဘွားဓမ္မရိပ်သာနှင့်ညောင်လေးပင်ဘိုးဘွားရိပ်သာများသို့သွားရောက်ခဲ့ပြီး၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်အတွက်ဒုတိယဘိုးဘွားရိပ်သာအဆင့်ထောက်ပံ့ငွေ၃,၀၈၇,၀၀၀ကျပ်စီကိုထောက်ပံ့ပေးခဲ့ပြီးဘိုးဘွားများအားရင်းရင်းနှီးနှီးအားပေးစကားများပြောကြားခဲ့ပါသည်။ဆက်လက်၍ဒုတိယဝန်ကြီးသည်ညောင်လေးပင်မူလတန်းကြိုကျောင်းအားသွားရောက်ကြည့်ရှုခဲ့ပြီးကလေးများအားအာဟာရမုန့်များပေးအပ်ခဲ့ပြီးတာဝန်ရှိသူများကိုလိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်ညောင်လေးပင်မြို့၊သီရိရတနာခန်းမတွင်ညောင်လေးပင်မြို့နယ်အတွင်းရှိရပ်ကွက်၊ကျေးရွာများမှမသန်စွမ်းသူမှတ်ပုံတင်လက်မှတ်လျှောက်ထားသူများအားပြန်လည်ထူထောင်ရေးဦးစီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ကုသရေးဦးစီးဌာန၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ချုပ်၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့တို့ပူးပေါင်း၍အဖွဲ့ဖြင့်ကွင်းဆင်းစာရင်းသွင်းစိစစ်ဆောင်ရွက်ပေးနေမှုများကိုလှည့်လည်ကြည့်ရှုအားပေး၍လိုအပ်သည်များကိုညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR