အာဆီယံဒေသတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက လျင်မြန်ပြီး ပိုမိုအားကောင်း သည့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့် - ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၄-၈-၂၀၂၆ ရက်နေ့တွင်Park Royal ဟိုတယ်၊ နေပြည်တော်တွင် မြန်မာနိုင်ငံကအိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၊ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ AHA Centre ၏ Operation Director ဒေါက်တာစည်သူဖေသိန်းနှင့် သင်တန်းနည်းပြများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ASEAN-ERAT သင်တန်းသားများတက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင်  အာဆီယံဒေသအတွင်း ဘေးအန္တရာယ်များမှ ပိုမိုခံနိုင်ရည်ရှိသော လူမှုအသိုက်အဝန်းတည်ဆောက်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကိုအလေးထား ဆောင်ရွက်ကြရကြောင်း၊ အစောပိုင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစတင်ပြီးသည်နှင့်တပြိုင်နက်တည်းဆောင်ရွက်ကြပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးမှ ASEAN-ERAT အဖွဲ့ဝင်များအနေဖြင့် ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်သို့ ကူးပြောင်းလုပ်ဆောင်ရာတွင် စနစ်တကျဆောင်ရွက်နိုင်ရန်၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ကျွမ်းကျင်မှုရှိစေရန်၊ နိုင်ငံတကာက ဆောင်ရွက်လျက်ရှိသော ပြန်လည်ထူထောင်ရေးဆိုင်ရာအတွေ့အကြုံများ၊ ခေတ်မီနည်းပညာများ ဖလှယ်မျှဝေရန်နှင့် ASEAN-ERAT အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်အတွက် ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊မြန်မာနိုင်ငံအနေဖြင့်၂၀၂၅ ခုနှစ်တွင်အဖျက်စွမ်းအားကြီးမားသော မန္တလေးငလျင်ကြီးရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးမားသော်လည်း နိုင်ငံတော်အကြီးအကဲ၏ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်တွင်းစွမ်းအားစုအရင်းအမြစ်များကို ထိရောက်စွာအသုံးပြုကာငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်ကာလအလိုက်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံတကာ၏ ပူးပေါင်းပါဝင်မှုကိုလည်းအသိအမှတ်ပြုပါကြောင်း၊ ASEAN-ERAT သင်တန်းသားများအနေဖြင့် စာတွေ့သာမက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု/ပြီးစီးမှုအနေအထားကို မြေပြင်အထိ ကွင်းဆင်းလေ့လာသွားနိုင်မည်ဖြစ်ပါကြောင်း၊ အတွေ့အကြုံများဖလှယ်ခြင်းဖြင့် အကျိုးရှိသောသင်တန်းတစ်ခုဖြစ်စေလိုပါကြောင်း ပြောကြားပါသည်။

အဆိုပါ အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေးသင်တန်းအဆင့်-၂ (ASEAN-ERAT Level-2 Course on Early Recovery) ကို(၃-၈-၂၀၂၆)နေ့မှ (၇-၈-၂၀၂၆)နေ့အထိ Park Royal ဟိုတယ်၊ နေပြည်တော်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အာဆီယံ-ဂျပန်ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ(JAIF)နှင့် AHA Centre တို့ပူးပေါင်း ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ နေပြည်တော်ကောင်စီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ AHA Centre, UNDP, IOM, IFRC,မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ သင်တန်းနည်းပြများမှ သင်ခန်းစာများပို့ချ၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ASEAN-ERAT အဖွဲ့ဝင်(၁၄)ဦးတက်ရောက်လျက်ရှိပါကြောင်းသိရှိရပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR