လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီအစည်းအဝေးအား ယနေ့မွန်းလွဲ ပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးကလူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီကိုအထောက်အကူပြုရန်အတွက်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီကို၂၀၁၉ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့ပြီး အဓိက လုပ်ငန်းစဉ် (၈)ရပ် ပါဝင်ပါကြောင်း၊ လက်ရှိတွင်  ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသောအသက်(၂)နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT)၊လူမှုရေးပင်စင်အစီအစဉ်နှင့် ဘက်စုံလူမှုကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုများကို  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊MCCT အစီအစဉ်နှင့် လူမှုရေးပင်စင်အစီအစဉ်တို့ကို အစီအစဉ်စတင်သည့် ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများ/ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အကျိုးခံစားခွင့်ရှိသူများကို ထောက်ပံ့ခဲ့ပြီး၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှ လက်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်များတွင်မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် ထောက်ပံ့ခဲ့ပါကြောင်း၊လာမည့်ဘဏ္ဍာနှစ်များတွင် Mobile Pay (Electronic Cash Transfer-ECT) နည်းလမ်းဖြင့် ပြောင်းလဲ၍ ထောက်ပံ့နိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ထို့အပြင် ဘေးအန္တရာယ်ဆိုင်ရာထိခိုက်မှုများ၊ ရုတ်တရက်ဝင်ငွေဆုံးရှုံးမှုများနှင့် အရေးပေါ်အခြေအနေများကြောင့် ဖြစ်ပေါ်လာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲအကျပ်အတည်းများအား စီမံဖြေရှင်းနိုင်ရေးအတွက် ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့်ကိုယ်ဝန်ဆောင်မိခင်၊ အသက် ၅ နှစ် အောက်ကလေး၊ အသက်၇၀ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်နှင့် မသန်စွမ်းသူများကို ၁ ဦးလျှင် ကျပ် ၃၀,၀၀၀/- နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည်အစိုးရတစ်ရပ်အနေဖြင့်မဖြစ်မနေဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ပြီး ပြည်သူလူထုကို အမှန်တကယ် တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းများဖြစ်သဖြင့်တက်ရောက်လာကြသည့် ကော်မတီဝင်များအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားရမည့်  အစီအမံများနှင့် လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်းပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးများဖြစ်ကြသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့်  ကျန်းမာရေးဝန်ကြီးဌာနတို့အပါအဝင် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ  တက်ရောက်၍ ဝန်ကြီးဌာနအလိုက် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ဆက်ဆပ်သော လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်ရန်ကိစ္စမရပ်များ ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR