လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၁၁-၂၀၂၃) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ ကုလားစုကျေးရွာ၌ ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ရသည့် လူနေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀ဝ/-)ကျပ်နှင့် လူဦးရေ (၃၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၆၅,၁၀၀/-) စုစုပေါင်း (၇၆၅,၁၀၀/-)ကျပ်တို့အား (၁၀-၁၁-၂၀၂၃)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာစိုးဝင်းငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR