လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၅-၂၀၂၄) ရက်နေ့တွင် တွံ့တေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆိပ်ကြီးအရှေ့ရပ်ကွက်တွင် ရာသီဥတုပြောင်းလဲမှုများကြောင့် အပူချိန် မြင့်မားမှုများဖြစ်ပေါ်နေပါသဖြင့် လတ်တလောသောက်သုံးရေ လိုအပ်မှုရှိနေသည့် လူဦးရေ(၈,၂၉၀)ဦး၊ ဆိပ်ကြီးအနောက်ရပ်ကွက်ရှိ လူဦးရေ(၇,၄၁၈)ဦး၊ ခနောင်တိုအရှေ့ရပ်ကွက်ရှိ လူဦးရေ(၈,၉၄၁)ဦးနှင့် ခနောင်တို အနောက်ရပ်ကွက်ရှိ လူဦးရေ(၃,၇၁၅)ဦးတို့အား  သောက်သုံးရေ (၃၆,၀၀၀) ဂါလံကို ဘေးသင့် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်

MOS

DSW

DDM

DOR