ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်းရှိဝန်ကြီးဌာနများတွင်နေ့ကလေးထိန်းဌာနများဖွင့်လှစ်နိုင်ရန်ရည်ရွယ်၍ဖွင့်လှစ်ခဲ့သည့်အသက်၆လမှ၃နှစ်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းသင်တန်းဆင်းပွဲအခမ်းအနားကို၅-၆-၂၀၂၆ရက်၊နံနက်၁၀:၀၀နာရီတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှတာဝန်ရှိသူများ၊သင်တန်းနည်းပြများနှင့် သင်တန်းသူများတက်ရောက်ခဲ့ပါသည်။

          ဒုတိယဝန်ကြီးကသင်တန်းဆင်းအဖွင့်အမှာစကား ပြောကြားရာတွင် နေပြည်တော်ရှိ ရုံးဝန်ထမ်းမိသားစုများအနေဖြင့်လုပ်ငန်းခွင်မပျက်ရုံးတက်ရောက်နိုင်ပြီးမိမိတို့၏ရင်သွေးငယ်များကိုလုံခြုံစိတ်ချရသည့်ပတ်ဝန်းကျင်တွင်စောင့်ရှောက်နိုင်စေရေးအတွက်နေ့ကလေးထိန်းဌာနများဖွင့်လှစ်နိုင်ရန်ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ကလေးများအတွက်ရင်းနှီးမြှုပ်နှံမှုပြုခြင်းသည်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးကြီးသည့်အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊အသက်၃နှစ်မပြည့်မီအရွယ်သည် ဦးနှောက်ဖွံ့ဖြိုးမှုအလျှင်မြန်ဆုံးနှင့်အားအကောင်းဆုံးကာလဖြစ်သောကြောင့်ကျန်းမာရေးနှင့်အာဟာရ၊ချစ်ခြင်းမေတ္တာ၊မှန်ကန်သောပြုစုစောင့်ရှောက်မှု၊ကောင်းမွန်သောပတ်ဝန်းကျင်တို့ရရှိစေရေးအလေးပေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ကလေးများ၏နေ့စဉ်ဘဝတွင်သင်ယူမှုကောင်းများရရှိစေရန်မိဘ၊ဆရာနှင့် ပတ်ဝန်းကျင်တို့ကနည်းစနစ်မှန်ကန်စွာဖြင့်ပံ့ပိုးပေးရန် လိုအပ်ပါကြောင်း၊နေ့ကလေးထိန်းဌာနများသည်ကလေးများအတွက်နွေးထွေးမှု၊လုံခြုံမှုရှိပြီးကလေးဖွံ့ဖြိုးမှုအတွက်လှုံ့ဆော်မှုရှိသောပတ်ဝန်းကျင်ဖြစ်ရန်အရေးကြီးပါကြောင်း၊ကလေးများ၏ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာစာရိတ္တနှင့်ပေါင်းသင်းဆက်ဆံရေးအထောက်အပံ့ကောင်းများရရှိစေရန်ဦးတည်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊စံပြုထိုက်သောနေ့ကလေးထိန်းဆရာမများ၊ကလေးပြုစုစောင့်ရှောက်သူများဖြစ်စေရေးနှင့်ကလေးများဘက်စုံဖွံ့ဖြိုးရေးကိုပုံဖော်ပေးနိုင်သူများဖြစ်စေရေးကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ကလေးဖွံ့ဖြိုးမှုနှင့်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကိုမိဘဆရာပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် မိဘအသိပညာပေးခြင်းများကိုလည်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းမှာကြားခဲ့ပါသည်။

ထို့နောက်ဒုတိယဝန်ကြီးကသင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီးသင်တန်းသူများပြုလုပ်ထားသော ကလေးဖွံ့ဖြိုးမှုဆိုင်ရာသင်ထောက်ကူများ၊လက်မှုပစ္စည်းများကိုလှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

          အဆိုပါသင်တန်းကို၄-၅-၂၀၂၆ရက်မှ၅-၆-၂၀၂၆ရက်အထိနေပြည်တော်၊ရင်သွေးရတနာမူလတန်းကြိုကျောင်းတွင်ဖွင့်လှစ်ခဲ့ပြီးဝန်ကြီးဌာန၂၀ခုမှသင်တန်းသူ၄၂ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR