မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်၍ မြို့တော်ခန်းမတွင် ၃.၇.၂၀၂၆ ရက်၊ နံနက် ၀၉း၀၀ နာရီ အချိန်မှစ၍ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား အားစတင် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်မိုးနှင့်အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီး အကဲများ၊ မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မမကြီးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များတက်ရောက်၍ အခမ်းအနားတွင် တိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီဝင် အမျိုးသမီးအဖွဲ့ များက မြန်မာအမျိုးသမီးများနေ့  သီချင်းဖြင့်သီဆိုဖျော်ဖြေခြင်း၊ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ထူးချွန်အမျိုးသမီး(၂၁)ဦးအား ဂုဏ်ပြုဆု ချီးမြှင့်ပေးအပ်ခြင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်‌ရေးဆိုင်ရာ သမိုင်းမှတ်တိုင် Video Clip ပြသခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများသင်တန်းကျောင်း၊ အမျိုးသမီး သက်မွေးအတတ်သင်ပညာသင်ကျောင်းနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အမျိုးသမီးငယ် လေးများ၊ လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု ဧရိပ်မွန်အမျိုးသမီးဂေဟာမှ အမျိုးသမီးငယ်များက ကြွရောက်လာကြသော ဧည့်သည်တော်များအား တေးသရုပ်ဖော်အကပ‌ဒေသာဖြင့် ကပြဖျော်ဖြေ ခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ ဓါတ်ပုံပြခန်းနှင့် သင်တန်းကျောင်းမှ ကျောင်းသူများ၏ အသက်မွေးဝမ်းကြောင်းအခြေခံလက်မှု ပညာပြခန်းတို့အား လှည့်လည်ကြည်ရှုပြီး နံနက် ၁၀း၃၀ တွင် အခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့ပါကြောင်း သတင်းရရှိပါသည်။








 

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR