လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်အားမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumarဦးဆောင်သောအဖွဲ့သည်ယနေ့မွန်းလွဲပိုင်းတွင်အဆိုပါဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၌လာရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumarမှအိန္ဒိယနိုင်ငံမှဝန်ကြီးဌာနသို့ပေးအပ်ထားသည့်ပညာတော်သင်ကိစ္စရပ်များ၊ မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ဒေသများအားလူသားချင်းစာနာမှုအထောက်အပံ့ပေးမှုကိစ္စရပ်များ၊ နေရပ်စွန့်ခွာသူများအားပြန်လည်လက်ခံရေး၊လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များနှင့်ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးမြန်မာ-အိန္ဒိယနားလည်မှုစာချွန်လွှာအရအကောင် အထည်ဖော်နေသည့် စီမံကိန်းများကရခိုင်ပြည်နယ်ဒေသစီးပွားရေးအတွက် အထောက်အကူပြုနိုင်မှုများအားတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကလည်းအိန္ဒိယနိုင်ငံသည်မြန်မာနိုင်ငံအတွက်အိမ်နီးချင်းကောင်းနိုင်ငံပီသမှုအားကျေးဇူးတင်ရှိပါကြောင်း၊ မိုခါမုန်တိုင်းအတွက်အိန္ဒိယနိုင်ငံမှ ပေးအပ်ခဲ့သည့်လူသားချင်းစာနာမှုအကူအညီများသည်မုန်တိုင်းသင့်သူများအတွက် များစွာအထောက်အကူဖြစ်ခဲ့ပါကြောင်း၊ AHA Centre ERAT Team ကိုယ်စားလှယ်များမုန်တိုင်းသင့်ဒေသများဖြစ်သည့် ရခိုင်ပြည်နယ် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်များသို့သွားရောက်၍ လေ့လာခဲ့မှုအခြေအနေ၊ AHA Centre မှ ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးခဲ့မှု၊ မုန်တိုင်းသင့်ဒေသများသို့ နိုင်ငံတကာမှ အကူအညီများပေးပို့ရန်အတွက်ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းယန္တရားတစ်ရပ်ဖော်ဆောင်ရန်ရှိမှုနှင့် ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသောမိုင်းအန္တရာယ်အသိပညာပေးရေး၊ မူးယစ်ဆေးဖြတ်ပြီးသူများနှင့် လူကုန်ကူးခံရသူများအားပြန်လည်ထူထောင်ရေးကိစ္စရပ်များအားရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့အမြဲတမ်းအတွင်းဝန်ဒေါက်တာကိုကိုနိုင်၊ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR