လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)မှ ရပ်ရွာ အခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၅)ကို (၂၈-၃-၂၀၂၅)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ကျိုင်းတုံမြို့၊ ယန်းခအုပ်စု၊ ခြေလှမ်းသစ်ဂေဟာ၌ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

              အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ကျိုင်းတုံခရိုင်၊ လူမှုဝန်ထမ်းရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးက မူးယစ်ဆေးဝါးပြဿနာသည် ယနေ့ကမ္ဘာတွင် အဆိုးဝါးဆုံးရင်ဆိုင်နေရသည့် တစ်နေ့တစ်ခြားကြီးထွားလာသော ပြဿနာတစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးနည်းမျိုးစုံ ရင်ဆိုင်ဖြေရှင်း နေရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံအတွင်း ငွေကြေးခဝါချမှု၊ တရားမဝင်ငွေကြေးစီးဆင်းမှု၊ အဂတိလိုက် စားမှု အကျင့်ပျက်ခြစားမှုများနှင့် နိုင်ငံဖြတ်ကျော်မှုခင်းတွေကို ဖြစ်ပေါ်စေကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါးပြဿနာကို ထိန်းချုပ်နိုင်ရန်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နည်းလမ်းအမျိုးမျိုး၊ ကဏ္ဍအမျိုးမျိုးတွင် တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြော ကြားခဲ့ပါသည်။

              ဆက်လက်၍ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်လာကြသော ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများမှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။

              ထို့နောက် သင်တန်းဆင်းပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ သင်တန်းသားများ စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ပြီး ၁၅:၀၀ နာရီချိန်တွင် သင်တန်းဆင်းပွဲ အခမ်းအနား ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR