လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ (၅၄)လမ်း၊ အမှတ် (၄၁/၄၃) တို့နှင့် ကပ်လျက်ရှိသော လူနေဂိုဒေါင်မှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းပေါင်း (၆၄) ခန်းထိခိုက်ပျက်စီးခဲ့ပြီး အိမ်ထောင်စု (၅၉) စုအတွတ် (၂,၇၃၅,၄၇၆) ကျပ်တန်ဖိုးရှိ ကယ်‌ဆယ်ရေးပစ္စည်း (၁၇)မျိုး (၅၉)အိမ်ထောင်စာနှင့် လူဦးရေ (၁၃၇)ဦးအတွတ် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၂၈၇,၇၀၀) ကျပ်တို့အား (၉-၇-၂၀၂၁) ရက်နေ့ (၁၄:၀၀)နာရီအချိန်၌ သံဃဒါန ဆွမ်းလောင်းအသင်း ၅၃-လမ်း မိသားစုဓမ္မာရုံတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

MOS

DSW

DDM

DOR