၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ မသန်စွမ်း သူများနေ့”  အခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီမှ ၃.၁၂.၂၀၂၅ ရက်၊ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ မသန်စွမ်းပုဂ္ဂလိကအထူးပညာသင်ကျောင်းမှ ကိုယ်စားလှယ်များ၊ ဖျော်ဖြေရေးအဖွဲ့များ၊ ဆုရရှိသူမသန်စွမ်းကလေးများ အပါအဝင် စုစုပေါင်း (၃၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကုလသမဂ္ဂမှပေးပို့လာသည့် သဝဏ်လွှာ VideoClip နှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် Video Clip အား ပြသခဲ့ပါသည်။ ထို့နောက် မသန်စွမ်းကျောင်းများမှ ကျောင်းသား/ သူလေးများက တေးသီချင်း၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ 

ဆက်လက်ပြီး ဖျော်ဖြေရေးအဖွဲ့များနှင့် ၂၀၂၄ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မလေးရှားနိုင်ငံများတွင် ကျင်းပပြုလုပ်ခဲ့သည့် (၉) ကြိမ်မြောက် အာရှကလေးများ အနုပညာပြပွဲတွင် ပန်းချီ ပထမဆုရရှိခဲ့သော မသန်စွမ်းသက်ငယ်သင်တန်းကျောင်းမှ မသုဝဠာဦးနှင့် မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာမှ မောင်ရဲလေးတို့အား ဂုဏ်ပြုငွေ ကျပ် ၁၀၀,၀၀၀/- နှုန်းဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများမှ အသီးသီး ချီးမြှင့်ခဲ့ကြပါသည်။  

ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မသန်စွမ်းကျောင်း (၅) ကျောင်းနှင့် ပုဂ္ဂလိကမသန်စွမ်းကျောင်း (၄) ကျောင်းတို့တွင် စောင့်ရှောက်ထားသော ကလေး များအား တစ်ဦးလျှင် ကျပ် ၃၀,၀၀၀/-နှုန်းဖြင့် ကလေးဦးရေ စုစုပေါင်း (၁၄၅၀) ဦးအတွက် ငွေကျပ် ၄၃၅,၀၀,၀၀၀/- (ကျပ်လေးရာသုံးဆယ့်ငါးသိန်းတိတိ) အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တက်ရောက်လာကြသူများမှ “အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့” အထိမ်းအမှတ် ဓာတ်ပုံပြခန်းနှင့် မသန်စွမ်းသင်တန်းကျောင်းများမှ ခင်းကျင်းပြသထားသော လက်မှုထုတ်ကုန်ပစ္စည်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ပါကြောင်းနှင့် အခမ်းအနားကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR