လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ​မြေတံတားလမ်း၌ (၂၄-၆-၂၀၂၂)ရက်​​နေ့တွင် ဖြစ်ပွားခဲ့​သော မီးဘေး​​ကြောင့် ​ပျက်စီး​နေအိမ် (၁)လုံးအတွက် ​အိမ်​ဆောက်ပစ္စည်းဖိုးထောက်ပံ့​ငွေ (၁၀၀,၀၀ဝ/-)၊ လူဦး​ရေ (၃)ဦးအတွက် (၇) ရက်စာ ဆန်ရိက္ခာဖိုး​ထောက်ပံ့​ငွေ (၆,၃၀ဝ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ (၁၀၆,၃၀ဝ/-)ကျပ်၊ ကယ်ဆယ်​ရေးပစ္စည်း (၁၇)မျိုးပါ (၁)ပုံးနှင့် အလှူပစ္စည်း (Jica ​စောင်(၁)ထည်၊ အိပ်ယာခင်း(၁)ခု၊ Unicef တာ​ပေါ်လင်စ (၁)စ၊ ကာ​ပေါ်လစ်ဆပ်ပြာ(၂)​တောင့်)တို့အား (၂၇-၆-၂၀၂၂)ရက်​နေ့ (၁၅:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာ တာ၀န်ရှိသူများ​ရှေ့​မှောက်၌ ​​ဘေးသင့်ပြည်သူများ၏ လက်၀ယ်အ​ရောက် ​ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:         DDM

 

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR