လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း (ဝက်ထီးကန်) ၌ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနားအား (၇-၁-၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်မြင့်က မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံ၏တိုးတက်မှုကိုပင် ထိခိုက်နိုင်ပြီး တိုင်းပြည်၏ လူသားအရင်းအမြစ်များကို ပျက်သုဉ်းစေကာ ကျန်းမာသန်စွမ်းသည့် လူရွယ်လူလတ်ပိုင်းများသည် မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်နေပါကြောင်း၊ မူးယစ်ဆေးဝါးကို တွယ်ငြိမိလျှင် ရုန်းထွက်ရန်ခက်ခဲပြီး ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတို့ကို ထိခိုက်နိုင်ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ဆက်စပ်လျက်ရှိသည့် နောက်ဆက်တွဲအန္တရာယ်များကို ရင်ဆိုင်ရနိုင်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ၏ ဘဝကိုဖျက်စီးနေသည့် မူးယစ်ဆေးဝါးအန္တရာယ်ပပျောက်ရေးကိုဆောင်ရွက်ရန် မူးယစ်ဆေးဝါး မသုံးစွဲအောင် ကြိုတင်အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရသကဲ့သို့ မူးယစ်ဆေးဝါးသုံးစွဲသူများ အနေဖြင့်လည်း မူးယစ်ဆေးဖြတ်ကုသခြင်း၊ ပြန်လည်ထူထောင်မှုခံယူခြင်းဖြင့် မလုံလောက်ဘဲ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူသည့်အဆင့်အထိ ဆောင်ရွက်နိုင်မှသာ မူးယစ်ဆေး ထပ်ဖန်တလဲလဲ ပြန်လည်သုံးစွဲနေခြင်းမှလွတ်မြောက်ပြီး မူးယစ်ဆေးကင်းစင်သည့်ဘဝကို အောင်မြင်စွာရောက်ရှိ နိုင်မှာဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်းဆင်းပြီးပါက မူးယစ်ဆေးဝါး ပြန်လည်မသုံးစွဲမိစေရန် သတိပြုနေထိုင်သွားကြစေလိုပါကြောင်း၊ ယခု စခန်းအခြေပြုပြန်လည် ထူထောင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄)အား တက်ရောက်ခဲ့ကြသော သင်တန်းသားများအနေဖြင့် သင်တန်းဆင်းပြီးနောက် မိမိတို့ရပ်ရွာသို့ ပြန်လည်ရောက်ရှိချိန်တွင် သင်တန်းတွင် သင်ကြားပို့ချ ခဲ့သော စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာ ကျင့်သုံး၍ ယခုအချိန်မှစတင်ကာ ခြေလှမ်းအသစ်များဖြင့် စိတ်သစ်၊ လူသစ်ဘဝသစ်ဆီသို့တက်လှမ်း ကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင် ရေးစခန်း(ဝက်ထီးကန်)မှ ဦးစီးအရာရှိ၊ ဦးစဝင်းနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင်သင်ကြားခဲ့သော သက်မွေးပညာရပ်များနှင့် သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ခန်းစာ ပို့ချရခြင်းတို့၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးဦးစီးဌာန၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသားများ စုစုပေါင်း(၈၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားကို နံနက်(၁၁:၀၀)နာရီအချိန်တွင်ပြီးစီးကြောင်း သတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR