လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် နေအိမ်မီးလောင် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၂၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅,၄၀၀,၀၀၀)၊ အိမ်ထောင်စု(၂၇)စုမှ လူဦးရေ(၁၀၄)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ (၂၁၈,၄၀၀)၊ စုစုပေါင်း(၅,၆၁၈,၄၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂၇)အိမ်ထောင်စုစာတို့အား (၈-၆-၂၀၂၄)ရက်နေ့နှင့် (၁၀-၆-၂၀၂၄)ရက်နေ့တို့တွင် ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များနှင့် ကယ်ဆယ်ရေး/ထောက်ပံ့ရေးပစ္စည်းများ လက်ခံ၊ လွှဲပြောင်း၊ ထောက်ပံ့ရေးလုပ်ငန်း ကော်မတီများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်

MOS

DSW

DDM

DOR