ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ Bow ကလစ်နှင့်ပန်းကြယ်သီးပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား ကို ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ဝန်ကြီးချုပ်၏ဇနီး၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၏ဇနီးများ၊ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီဝင်များ၊ သင်တန်းသူများ၊ နည်းပြများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန် ထမ်းရုံးမှ ဝန်ထမ်းများ၊ မူကြို(၁)၊ မူကြို(၂)မှ ဝန်ထမ်းများ စုစုပေါင်း(၁၂၄) ဦး တက်ရောက်ခဲ့ ကြပါသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုဥက္ကဌ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာ စကားပြောကြားပြီး သင်တန်းနည်းပြများအား ဝန်ကြီးချုပ်၏ဇနီးမှ ဉာဏ်ပူဇော်ခနှင့် စားစရိတ်တို့ကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသူတစ်ဦးမှ သင်တန်းဆင်း ကျေးဇူးတင်စကားပြောကြား၍၊ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းနှင့် တက်ရောက်လာသူများက သင်တန်းသူများ ပြုလုပ်ထားသော Bow ကလစ်နှင့်ပန်းကြယ်သီးများအား လိုက်လံကြည့်ရှုခဲ့ကြပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ အဆိုပါသင်တန်းကို (၂၂.၁၂.၂၀၂၅ မှ ၂၆.၁၂.၂၀၂၅)အထိ (၅)ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ အမျိုးသမီးလူငယ် (၂၅) ဦး တက်ရောက်ခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR