၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် အခမ်းအနားအား မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၇၁ လမ်းနှင့် ( ၂၆ x ၂၇ ) ကြားရှိ မန္တလေးမြို့တော်ခန်းမ၌ မန္တလေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြား၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် မြို့နယ် ( ၇ ) မြို့နယ်မှ အသက် ( ၉၅ ) နှစ် အထက် ဘိုးဘွား ( ၁၀၀ )ဦး တို့အား တစ်ဦးလျှင်အလှူ ငွေကျပ်-၅၀,၀၀၀/-နှုန်းဖြင့် စုစုပေါင်း လှူဒါန်းငွေ ( ၅.၀၀၀ )ကျပ်သန်းအား အခမ်းအနားမတက်ရောက်နိုင်သော ဘိုးဘွားများကိုယ်စား ဝန်ကြီးချုပ် ဦးမျိုးအောင်မှ  သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်‌ရေးမှူးများထံသို့ လှူဒါန်းပေးအပ်ခဲ့ပြီး၊  အခမ်းအနားသို့ တက်ရောက် ကန့်တော့ခံ မန်းတောင်ခြေဘိုးဘွားရိပ်သာမှ ဘိုးဘွား ၃၅ ဦးအား တစ်ဦးလျှင် အလှူငွေကျပ် ၁၀၀,၀၀၀/-နှုန်းဖြင့်လည်းကောင်း၊ လှူဖွယ်ပစ္စည်း တန်ဖိုးငွေကျပ် ၁၀၀,၀၀၀/-နှုန်းဖြင့်လည်းကောင်း စုစုပေါင်း လှူဒါန်းငွေကျပ် ၂၀၀,၀၀၀/-နှုန်းဖြင့် ဘိုးဘွားများအား လှူဒါန်းပေးအပ်ခဲ့ပြီး မန်းတောင်ခြေ ဘိုးဘွားရိပ်သာမှ အဘိုးဦးစံမြင့်က ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားအား နံနက် ( ၁၁း၀၀ ) နာရီအချိန်တွင် အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR