တပ်မတော်ကအလုံးစုံပြန်လည်ထိန်းချုပ်ခဲ့ပြီးဖြစ်သည့် ချင်းပြည်နယ် ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့များတွင်ချင်းသောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့မှုများနှင့် စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအမြန်ဆုံးစီမံဆောင်ရွက်သွားရန်နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီသက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်ရှိသူများပါဝင်သည့် ချင်းပြည်နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးအားဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်၍ သက်ဆိုင်ရာနယ်မြေဒေသများအရောက်ကွင်းဆင်းကာပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ချင်းပြည်နယ် ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့သို့ ပြန်လည်ဝင်ရောက်လာသည့်ပြည်သူများ၊ဝန်ထမ်းများနှင့်မိသားစုဝင်များစားနပ်ရိက္ခာအခက်အခဲမရှိစေရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကကနဦးစီစဉ်မှုအဖြစ် စားသုံးဆီ ၁၀ တန်နှင့် ဆန်တန်ချိန် ၅၀ ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊ သွပ်၊ သွပ်ရိုက်သံတို့ကိုတပ်မတော်လေယာဉ်များဖြင့်ပို့ဆောင်ပေးလျက်ရှိပါသည်။

ယနေ့ ၈-၆-၂၀၂၆ရက်နေ့တွင်တပ်မတော်လေယာဉ်များဖြင့် စားသုံးဆီ၁၀တန်၊ ဆန် တန် ၅၀၊ ဘိလပ်မြေ ၄.၅ တန်တို့ကိုရန်ကုန်မြို့နှင့် မန္တလေးမြို့များမှ ကလေးမြို့သို့ ပို့ဆောင်ပေးလျှက်ရှိကြောင်းနှင့်သက်ဆိုင်ရာမြို့နယ်များသို့ ဆက်လက်ဖြန့်ခွဲထောက်ပံ့နိုင်ရေး၊ ဒေသ၏လိုအပ်ချက်များအပေါ်မူတည်၍ထပ်မံဖြည့်ဆည်းပေးနိုင်ရေးစဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပါကြောင်းအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက သတင်းထုတ်ပြန်အပ်ပါသည်။

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ




နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR