၂၆.၁၂.၂၀၂၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ Bow ကလစ်နှင့်ပန်းကြယ်သီးပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ဝန်ကြီးချုပ်၏ဇနီး၊ တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၏ဇနီးများ၊ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင်များ၊ သင်တန်းသူများ၊ နည်းပြများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများ၊ မူကြို (၁) ၊ မူကြို (၂) မှ ဝန်ထမ်းများ စုစုပေါင်း (၁၂၄) ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒု-ဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြများအား ဝန်ကြီးချုပ်၏ဇနီးမှ ဉာဏ်ပူဇော်ခနှင့် စားစရိတ်တို့ကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသူတစ်ဦးမှ သင်တန်းဆင်း ကျေးဇူးတင်စကားပြောကြား၍၊ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းနှင့် တက်ရောက်လာသူများက သင်တန်းသူများ ပြုလုပ်ထားသော Bow ကလစ်နှင့်ပန်းကြယ်သီးများအား လိုက်လံကြည့်ရှုခဲ့ကြပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

အဆိုပါသင်တန်းကို ၂၂.၁၂.၂၀၂၅ ရက်မှ ၂၆.၁၂.၂၀၂၅ ရက်ထိ (၅)ရက်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ အမျိုးသမီးလူငယ် (၂၅) ဦး တက်ရောက်ခဲ့ကြပါသည်။






နောက်ဆုံးရသတင်းများ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှူနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ဦး ဆောင်မှုဖြင့် Bow ကလစ်နှင့် ပန်းကြယ်သီး ပြုလုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR