လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ၊ (NDMC)ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် မိမိပါဝင်ဆောင်ရွက်ရမည့် အခန်းကဏ္ဍအလိုက် အချိတ်အဆက်ထိမိစွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးလုပ်ငန်းများကို ထည့်သွင်းဆောင်ရွက်နိုင်စေရန်၊ ပြည်သူလူထုအတွင်း သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မိမိရပ်ရွာအ တွင်းရှိ ပြည်သူလူထုအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများ၊ သဘာဝဘေး အန္တရာယ်မကျရောက်မီ၊ ကျရောက်စဉ်နှင့် ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသိပညာပေးရန် ရည်ရွယ်ပြီး သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ်ဆင့်ပွါးသင်တန်း အမှတ်စဉ်(၂/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို (၂၇-၁၂-၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ ရန်ကုန်တိုင်းဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးသန်းစိုးနှင့် ဖိတ်ကြားထားသော တိုင်းအဆင့်ဌာနဆိုင်ရာများ၊ အင်းစိန်ခရိုင် စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသန့်ဇင်၊ အင်းစိန်ခရိုင်အတွင်းရှိ မြို့နယ်(၃)မြို့နယ်မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ၊ နည်းပြအရာရှိများနှင့် အင်းစိန်ခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၀)ဦး တတ်ရောက်ခဲ့ပါကြောင်းနှင့် အဆိုပါသင်တန်းကို (၃)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


Source DDM

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR