ဘေဂျင်းလုပ်ငန်းစီမံချက်၏ လုပ်ငန်းနယ်ပယ် ၁၂ရပ် အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် နိုင်ငံအဆင့်လေ့လာသုံးသပ်မှုအစီရင်ခံစာBPFA + 30တင်သွင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင်ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဦးဆောင်၍ကျင်းပခဲ့ပြီး ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း (National Strategic Plan for the Advancement of Women – NSPAW)လုပ်ငန်းကော်မတီ (၁၂) ရပ်တွင်ပါဝင်သောဌာနအသီးသီးကတာဝန်ရှိသူများ၊ အမျိုးသမီးအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ရာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနှင့်NSPAW ရေးသားရေးဦးဆောင်ကော်မတီတို့၏ လမ်းညွှန်ချက်နှင့်အညီ NSPAWရေးသားရေး လုပ်ငန်းကော်မတီ (၁၂) ရပ်တွင်ပါဝင်သော ဌာနဆိုင်ရာ/အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး BPFA + 30နိုင်ငံအဆင့်အစီရင်ခံစာ ရေးသားပြုစုနိုင်ရေးအတွက်ယနေ့အစည်းအဝေးကိုကျင်းပရခြင်းဖြစ်ကြောင်း၊ ဘေဂျင်းကြေညာစာတမ်းနှင့်လုပ်ငန်းစီမံချက်သည် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနှင့်ကျား၊ မရေးရာတန်းတူညီမျှရေးကို မြှင့်တင်အားပေးသည့်ဦးစားပေးလုပ်ငန်းနယ်ပယ်(၁၂) ရပ်ပါရှိသော ပြည့်စုံမှုရှိသည့်ကမ္ဘာလုံးဆိုင်ရာ မူဝါဒရေးရာလမ်းညွှန်မူဘောင်တစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဘေဂျင်းကြေညာစာတမ်းနှင့် လုပ်ငန်းစီမံချက်အရလုပ်ငန်းစဉ်(၂) ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (Myanmar National Committee on Women-MNCW)ကိုမူဝါဒပိုင်းဆိုင်ရာကတိကဝတ်များ ပိုမိုအားကောင်းလာစေရန်အတွက် ဒုတိယဝန်ကြီးအဆင့်ရှိပုဂ္ဂိုလ်များနှင့် ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း(၂၀၁၃-၂၀၂၂)ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ကိုအတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေနှင့် ယခင်က၂၀၁၄-၂၀၁၉ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်း Beijing Platform for Action – BPFA အား အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာနိုင်ငံအဆင့်အစီရင်ခံစာ BPFA +25 ကို United Nations Economic and Social Commission for Asia and the Pacific -UNESCAPသို့ ၂၀၁၉ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် တင်သွင်းခဲ့ပြီးဖြစ်ပါကြောင်း၊ BPFA +30 အစီရင်ခံစာကို၂၀၁၉ခုနှစ်၊ ဧပြီလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ မြန်မာနိုင်ငံ၏Beijing Declaration and Platform for Action (BPFA)အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ အချက်အလက်များအား ရေးသားပြုစုကာတင်သွင်းမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ပါဝင်ဆောင်ရွက်ခွင့်များနှင့်ပတ်သက်၍ မိမိတို့၏ ဆောင်ရွက်ချက်များကို နိုင်ငံတကာသို့ အသိပေးနိုင်မည့်အစီရင်ခံစာဖြစ်သဖြင့် သက်ဆိုင်ရာဌာနအသီးသီးက အချက်အလက်များ ပြည့်ပြည့်စုံစုံဖော်ပြပေးပါရန်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အစည်းအ‌ဝေးတက်ရောက်လာသူများက BPFA + 30 နိုင်ငံအဆင့် အစီရင်ခံစာ (Zero Draft) ရေးသားပြုစုထားမှု အခြေအနေနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီးBPFAအကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် ၅ နှစ်အတွင်း နိုင်ငံ၌ ဉီးစားပေးဆောင်ရွက်ခဲ့သည့် လုပ်ငန်းနယ်ပယ် ၅ ရပ် နှင့် နောင်လာမည့် ၅ နှစ်အတွင်း ဦးစားပေးလုပ်ဆောင်မည့် လုပ်ငန်းနယ်ပယ် ၅ ရပ်တို့ကို ရွေးချယ်သတ်မှတ် ပေးခဲ့ကြပါသည်။ အစည်းအဝေးတွင် ဌာနဆိုင်ရာနှင့် အဖွဲ့အစည်း (၄၈) ခုမှ တာဝန်ရှိသူ (၆၅) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာစိုးဝင်းငလျင်ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံချက် (Recovery Plan) ရေးဆွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR