၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးအန္တရာယ် နှင့်စပ်လျဉ်း၍ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို နိုင်ငံတော် အကြီးအကဲကိုယ်တိုင် ကြပ်မတ်၍ ပြည်တွင်း၊ ပြည်ပပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ အပျက်အစီးများ ရှင်းလင်းရေး၊ ယာယီနေရာချထားရေး၊ ရှေးဦးပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ကဏ္ဍစုံမှ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(Disaster Management Center-DMC)ကို ဖွဲ့စည်း တာဝန်ပေးအပ်ထားပြီးဖြစ်ရာ အဆိုပါ DMC ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၃၁-၃-၂၀၂၅) ရက်နေ့ နံနက် ၉နာရီခွဲတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က  ငလျင်ဘေးအန္တရာယ်ကြောင့် သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးစာရင်းများကို စိစစ်ထုတ်ပြန်လျက်ရှိပါကြောင်း၊ ဘေးသင့်ဒေသများတွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၏ ရှာဖွေမှုဖြင့် အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်သူ ၆၄၃ ဦး၊ Dead Body ၄၃၉ ဦးဖြစ်ကြောင်း၊ ဘေးသင့်ပြည်သူများအား ယာယီနေရာချထားနိုင်ရေးနှင့် သောက်သုံးရေ၊ အစားအသောက်၊ မိလ္လာကိစ္စများ ဖြည့်ဆည်းပေးနိုင်ရေး၊ ဝန်ထမ်းအိမ်ရာ ပျက်စီးမှုများအားအမြန်စိစစ်၍ ပြန်လည်နေထိုင်ရရှိနိုင်မှုနှင့် ရွှေ့ပြောင်းပေးရန်လိုအပ်မှုများ စာရင်းကောက်ယူနိုင်ရေး၊ ဝန်ကြီးဌာနများအလိုက် ယာယီရုံး များဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်နိုင်ရေး၊ ယာယီအစီအစဉ်ဖြင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက် ရေး၊ လုံခြုံရေးကိစ္စရပ်များအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကြပ်မတ်ဆောင်ရွက် သွားကြရန် မှာကြားပါသည်။

 ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂)က ပြောကြားရာတွင် နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များအနေဖြင့် တရုတ်၊ အိန္ဒိယ၊ ရုရှား၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနိုင်ငံများမှ ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၀၅၆ ဦးရောက်ရှိပြီး နေရာဒေသ အသီးသီးသို့ ဖြန့်ခွဲကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ အဖွဲ့များတွင် ဆေးကုသရေးအဖွဲ့များလည်းပါရှိပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာ အကူအညီများ ကမ်းလှမ်းလာပါက ပြန်လည်ထူထောင်ရေးဆိုင်ရာ တည်ဆောက်ရေးပစ္စည်းများကို ဦးစားပေးလက်ခံကြစေလိုပါကြောင်းနှင့် ကော်မတီများအလိုက် စနစ်တကျဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားပြီး  လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်းအလိုက် ဆောင်ရွက်နေမှုများကို တင်ပြကြပါသည်။ တင်ပြချက်များအပေါ် ဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

         

 

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာကိုကိုလွင်သည် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ်နှင့်မသန်စွမ်းမှုဆိုင်ရာအသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

MOS

DSW

DDM

DOR