မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်သို့  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသမီးများအဖွဲ့ချုပ် All China Women’s Federation (ACWF) မှ  လှူဒါန်းသည့် အလှူပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကိုယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင်နေပြည်တော်၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံး၊ သီရိရတနာခန်းမ၌ကျင်းပခဲ့ရာမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ စိုးဝင်း၊ဒုတိယဝန်ကြီး ဦးစိုးကြည်၊မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒေါက်တာသက်သက်ဇင်၊ China Foundation for Peace and Development (CFPD) မှ တာဝန်ရှိသူများ၊ မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းမှတာဝန်ရှိသူများ၊   မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဂုဏ်ပြုအမှာစကားပြောကြားရာတွင်ကမ္ဘာတစ်ဝှမ်းတွင် ဘေးအန္တရာယ်များ ကြုံတွေ့ရသည့်အခါ အမျိုးသမီးများသည် အမျိုးသားများထက် ပိုမိုထိခိုက်ခံစားရသည့် အခြေအနေနှင့် ရင်ဆိုင်ရပါကြောင်း၊အရေးပေါ်အခြေ အနေတွင် အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တစ်ကိုယ်ရည်ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအပြင် မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအတွက်  မတူညီသည့် လိုအပ်ချက်များနှင့် သက်ရောက်မှုများကို ဖြည့်ဆည်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊နေပြည်တော်ကောင်စီနှင့် ရှမ်းပြည်နယ်တို့တွင်ငလျင်ဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်ငံတော်နှင့် နိုင်ငံတကာအကူအညီများဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ငလျင်ဘေးသင့်ဒေသများအတွက်တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မိုးကာတဲများ၊ ယာယီအိမ်များ၊ စားသောက်ကုန်၊လူသုံးကုန်ပစ္စည်း၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ဒီဇယ်ဆီများ၊ မိုဘိုင်းခွဲစိတ်ခန်းများကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေးခဲ့သည့်အပြင် အဆောက်အဦများအကြား ပိတ်မိနေသူများကို ရှာဖွေ/ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ  အကူအညီများကို  အလျင်အမြန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တရုတ်နိုင်ငံမှ Emergency Medical Team (EMT) အဖွဲ့ဝင် (၉၂)ဦးသည်လည်း နေပြည်တော်၊ မန္တလေးတို့တွင် ဆေးကုသရေး၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ရေအရည်အသွေးစစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း၊အမျိုးသမီးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် တွေ့ကြုံရသည့် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ အမျိုးသမီးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ မြန်မာကျပ်ငွေ (၁၈၀,၀၀၀,၀၀၀)ခန့် တန်ဖိုးရှိ လူသုံးကုန်ပစ္စည်းများကို  လှူဒါန်းသည့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသမီးများအဖွဲ့ချုပ် All China Women’s Federation (ACWF)၊  ကူညီပံ့ပိုးပေးသည့် China Foundation For Peace and Development(CFPD) နှင့် လာရောက်လှူဒါန်းပေးပါသော မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးဗဟိုအသင်း(Myanmar- Chinese  Cooperation and Communication Center) များအား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့်  ဂုဏ်ပြုကြိုဆိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် China Foundation for Peace and Development မြန်မာနိုင်ငံရုံး ကိုယ်စားလှယ် Mr. Wang Lei မှ လှူဒါန်းမှုနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာတရုတ် ပူးပေါင်းဆက်ဆံရေးအသင်းမှ Senior President ၊ မြန်မာနိုင်ငံဝူးရှူးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသစ္စာ (ခ) Mr. Li BoBo မှ အသင်း၏ လုပ်ဆောင်မှုများကိုလည်းကောင်းရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR