လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၅) ရက်နေ့၊ (၁၉:၅၆) နာရီအချိန်၌ တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာ (၉)လမ်း၊ အမှတ် (၃၅/ခ) ရှိ ဒေါ်မြင့်မြင့်ခိုင် (ဘ) ဦးတင်စိုး အသက် (၅၆) နှစ်၊ (၁၂/ဒလန(နိုင်) ၀၂၈၂၈၄) ၏ (၃၀x၈) ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ နေအိမ်နောက်ဖေးခန်းတွင် လျှပ်စစ်ဒယ်အိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် (၆) လုံး (လုံးဝပျက်စီး)၊ အိမ်ထောင်စု (၆) စုမှ ကျား (၈) ဦး၊ မ (၁၅) ဦး၊ စုစုပေါင်း (၂၃) ဦးတို့ မီးဘေးသင့်ခဲ့ပြီး အဆိုပါမီးဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာတန်ဖိုး (၄၈၃၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၂၀၀၀၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ ပစ္စည်းတန်ဖိုး (၈၄၅၄၀၆/-)ကျပ် တို့အား ၇-၂-၂၀၂၅ ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ပြည်သူ များ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ 

Source:DDM

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

MOS

DSW

DDM

DOR