လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအားကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. MarcoluigiCorsiဦးဆောင်သောအဖွဲ့ကယနေ့နံနက်ပိုင်း (၁၁:၀၀) နာရီတွင်အဆိုပါဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၌လာရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ်UNICEF နှင့် ဝန်ကြီးဌာနတို့အကြားကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ မိုင်းအန္တရာယ်အသိပညာပေးရေးစသည့်နယ်ပယ်များတွင် ကာလရှည်ကြာစွာပူးပေါင်းဆောင်ရွက်ခဲ့မှု၊လူမှုဝန်ထမ်းဦးစီးဌာနမှ Nation Wide Case Management Supervision Unit (NCMSU) အားဖွဲ့စည်းပြီးကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ UNICEF နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့အကြားလက်မှတ်ရေးထိုးခဲ့သောလူမှုရေးဆိုင်ရာမူဝါဒလုပ်ငန်းအစီအစဉ်၊ ကလေးသူငယ် ကာကွယ်ရေးလုပ်ငန်းအစီအစဉ်နှင့်ရှေးဦးအရွယ် ကလေးသူငယ်လေ့လာသင်ယူမှုဆိုင်ရာလုပ်ငန်းအစီအစဉ်များအားအချိန်နှင့်တစ်ပြေးညီဝန်ကြီးဌာနနှင့်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်ကိစ္စ၊ UNICEF မှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းအချက်အလက်များအားဝန်ကြီးဌာနသို့ မျှဝေရန်ကိစ္စ၊ မိုင်းအန္တရာယ်အသိပညာပေးရေးလုပ်ငန်းများကိစ္စ၊ စိတ်လူမှုရေးပိုင်းဆိုင်ရာအထောက်အပံ့ပေးရေး (Psycho-Social Support) ကိစ္စရပ်များ၊ UNICEF အဖွဲ့မှ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ဗီဇာ၊ပြည်တွင်းခရီးသွားလာခွင့်နှင့် အခြားလိုအပ်သောထောက်ပံ့ပေးမှုများအတွက် ဝန်ကြီးဌာနကထောက်ခံပေးနိုင်ရေးကိစ္စ၊ ဝန်ကြီးဌာနနှင့် UNICEF တို့အကြားဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များအားရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ဒုတိယဝန်ကြီးဦးစိုးကြည်၊ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR