မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ () နှစ်စီမံကိန်း ရေးဆွဲနိုင်ရေး နည်းပညာပံ့ပိုးသူများအဖွဲ့ (Technical Core Group - TCG) အစည်းအဝေးကို (--၂၀၂၃) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနစုပေါင်းအစည်းအဝေးခန်းမတွင် TCG အဖွဲ့ ဥက္ကဋ္ဌ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက ဦးဆောင်ကျင်းပခဲ့ရာ TCG အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

          ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ () နှစ် စီမံကိန်း (၂၀၂၂ - ၂၀၂၇) ကို (၁၅--၂၀၂၂) ရက်နေ့တွင် မိတ်ဆက်ဖြန့်ချိထားပြီးဖြစ်ပါကြောင်း၊ မဟာဗျူဟာတွင် ကျန်းမာရေး၊ ပညာရေး၊ လုပ်ငန်းနှင့်အလုပ်အကိုင်၊ လူမှုကာကွယ် စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့်အခြားအရေးပေါ်အခြေအနေ၊ အလွယ်တကူလက်လှမ်းမီ ရယူအသုံးပြုနိုင်မှု စသည့် အခန်း () ခန်းပါရှိပြီး၊ ကဏ္ဍအလိုက် သက်ဆိုင်ရာဆပ်ကော်မတီ များက လုပ်ငန်းစီမံချက်များရေးဆွဲ၍ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများတွင် မူဝါဒများ၊ မဟာဗျူဟာများ၊ လုပ်ငန်း စီမံချက်များလည်းချမှတ်ထားရှိရာ ယခုလုပ်ငန်းစီမံချက်ပါလုပ်ငန်းများနှင့် Inline ဖြစ်ရန် လိုအပ် ပါကြောင်း၊ လုပ်ငန်းစီမံချက်များရေးဆွဲရာတွင် လက်ရှိဆောင်ရွက်ဆဲ လုပ်ငန်းများ၊ ရေတို၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများစသည်ဖြင့် ခွဲခြားထည့်သွင်း သင့်ပါကြောင်း၊ လုပ်ငန်း စွမ်းဆောင်ရည်ပြအညွှန်းကိန်း၊ ဆောင်ရွက်မည့်အချိန်ကာလနှင့် လျာထား ဘတ်ဂျက်တို့ကိုလည်း ထည့်သွင်း၍ သတ်မှတ်အချိန်ကာလအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း ဦးဆောင် အကောင်အထည်ဖော်ရမည့်ဌာနနှင့် အခြားဆက်စပ်ဌာနများ အတူပူးပေါင်းကူညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ ()နှစ် စီမံကိန်းအတွက် လုပ်ငန်းစီမံချက်(မူကြမ်း)များ အမြန်ဆုံးထွက်ရှိနိုင်ရေး ဆောင်ရွက် ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီသို့ တင်ပြအတည်ပြု ချက်ရယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် TCG အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပါသည်။ မသန်စွမ်းသူ များ၏အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီ () ခုကို (၂၆--၂၀၂၃) ရက်နေ့တွင် ပြင်ဆင် ဖွဲ့စည်းထားရှိပြီး သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲသွား မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR