၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၃)ရက်တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ကြီးမှူး၍ (၃.၇.၂၀၂၃) ရက် နံနက်(၀၉:၀၀) နာရီတွင် မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်း စင်တာခန်းမ (MCC)တွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ တိုင်းဒေသကြီး အမျိုးသမီးကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသမီးနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းတို့မှ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်(၁၄)ခရိုင်၊ မြို့နယ်(၄၄)မြို့နယ်မှ အမျိုးသမီးကော်မတီဥက္ကဌများနှင့် ဇနီးများ၊ ကဏ္ဍအသီးသီးတွင်ထူးချွန်အမျိုးသမီးများ၊ အကြိမ်အများဆုံးသွေးလှူရှင်များ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိခဲ့သည့် ကျောင်းသား/သူများ၊ မြန်မာအမျိုးသမီးများနေ့အကြို စာစီစာကုံးပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲနှင့် ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရကျောင်းသား/ကျောင်းသူများနှင့် မိဘများ စုစုပေါင်း (၉၈၀)ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) အမျိုးသမီးသံစုံတီးဝိုင်းမှ အဖွင့်ဖျော်ဖြေတင်ဆက်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းမှ အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ချက်များ (၂၀၂၃-၂၀၃၂) Video Clip ပြသခြင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု Video Clip ပြသခြင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှလည်းကောင်း၊ တိုင်းရင်းသားကျေးရွာမှလည်းကောင်း၊ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်မှလည်းကောင်း၊ ရန်ကုန်တက္ကသိုလ်(ဒဂုံဆောင်)မှလည်းကောင်း၊ သူနာပြုတက္ကသိုလ်မှလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးအားကစားဆပ်ကော်မတီမှလည်းကောင်း၊ မြန်မာသိုင်းဆပ်ကော်မတီအဖွဲ့ချုပ် (ရန်ကုန်တိုင်းဒေသကြီး)မှလည်းကောင်း၊ အနုပညာအထက်တန်းကျောင်း (ရန်ကုန်)မှလည်းကောင်း၊  Azalea Stars ကချင်အကအဖွဲ့မှလည်းကောင်း ဖျော်ဖြေတင်ဆက်ကပြခဲ့ကြပါသည်။ 

      ထို့နောက် မြန်မာအမျိုးသမီးများနေ့အကြို စာစီစာကုံးပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲနှင့် ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိသူများအားလည်းကောင်း၊ အားကစားပြိုင်ပွဲများတွင် ရန်ကုန်တိုင်းဒေသကြီးမှ နိုင်ငံဂုဏ်ဆောင်ဆုတံဆိပ်များရရှိခဲ့ကြသော ထူးချွန်အမျိုးသမီးများနှင့် ကဏ္ဍအသီးသီးတွင် ထူးချွန်အမျိုးသမီးများနှင့် အဖွဲ့များအားလည်းကောင်း၊ အကြိမ်အများဆုံးသွေးလှူရှင်များအားလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိခဲ့သည့် ကျောင်းသူများအားလည်းကောင်း၊ ဖျော်ဖြေရေးအစီအစဉ်တွင်ပါဝင်သည့် အဖွဲ့များအားလည်းကောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီးနှင့် တာဝန်ရှိသူတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက်လာကြသူများက ၂၀၂၄ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ ဓါတ်ပုံပြခန်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကျောင်းများမှ ထွက်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး အခမ်းအနားကို နေ့လည် (၁၂:၀၅)နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ 







နောက်ဆုံးရသတင်းများ

ကသာမြို့၌ ဧရာဝတီမြစ်ရေကြီးခြင်းနှင့်ပတ်သက်၍ သတိပြုနေထိုင်ရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်မှုသတင်း

MOS

DSW

DDM

DOR