လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၀-၂-၂၀၂၅) ရက်နေ့ (၁၁:၅၅) နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ဖော့ကန်ရပ်ကွက်၊ဓနသိဒ္ဓိလမ်းတွင် မီးလောင်မှု‌ကြောင့် နေအိမ် (၃)လုံး (လုံး၀ပျက်စီး)၊အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၃၅၇၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၆၀၀၀၀ဝိ/-)၊ (၅၀၉၁၅၄/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းပုံး (၃)ပုံး တို့အား လည်း ကောင်း၊(၁၀-၂-၂၀၂၅)ရက်နေ့၊(၁၄:၄၅)နာရီအချိန်၌ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ် ကွက်၊ ဦးထွန်းစိန်ကုန်းလမ်းတွင်မီးလောင်မှုကြောင့် နေအိမ်(၁)လုံး(တစ်စိတ်တစ်ပိုင်းပျက်စီး)၊ အိမ် ထောင်စု(၁)စု၊ လူဦးရေ(၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုး‌ထောက်ပံ့ငွေကျပ်(၄၂၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်း ဖိုး ထောက်ပံ့ငွေကျပ် (၅၀၀၀ဝိ/-)၊စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၄၂၀ဝိ/-)တို့အား (၂၈-၂-၂၀၂၅)ရက်နေ့ (၁၃:၅၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး (၁၀-၂-၂၀၂၅) ရက်နေ့ (၂၀:၂၅)နာရီအချိန်၌ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ) ရပ်ကွက်၊ မေတ္တာ (၂) လမ်းတွင် မီးလောင်မှုကြောင့် နေအိမ်(၁)လုံး (တစ်စိတ်တစ်ပိုင်းပျက်စီး)၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၇)ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၁၄၇၀ဝိ/-)၊အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁၅၀၀၀ဝိ/-)၊စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၆၄၇၀ဝိ/-)တို့အား (၂၈-၂-၂၀၂၅)ရက်နေ့ (၁၅:၃၅) နာရီ အချိန်တွင် မီးဘေးသင့်ပြည်သူများ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။                                       

Source: DDM 

နောက်ဆုံးရသတင်းများ

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်
မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ကြေးများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

MOS

DSW

DDM

DOR