လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၂.၈.၂၀၂၃)ရက်​နေ့တွင် ပုသိမ်မြို့၊ အမှတ်(၁၀)ရပ်ကွက်၌ မိုးရွာသွန်းပြီး ​လေပြင်းတိုက်ခတ်မှု​ကြောင့် သစ်ပင်လဲကျ၍ ပြိုကျပျက်စီးခဲ့​သော လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး​ထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)၊ ​ဘေးသင့်လူဦးရေ(၄)ဦးအတွက် (၇)ရက်စာဆန်ရိက္ခာဖိုး​ထောက်ပံ့ငွေ(၈,၄၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၀၈,၄၀ဝိ/-)၊ (၄၆၀၃၆/-)တန်ဖိုးရှိ ကယ်ဆယ်​ရေးပစ္စည်း(၁၆)မျိုး (စက္ကူပုံး)ပါ (၁)ပုံးနှင့် ပုသိမ်မြို့၊ မရမ်း​ချောင်း​ကျေးရွာအုပ်စု၊ မြန်မာမရမ်း​ချောင်း​ကျေးရွာ၌ ဖြစ်ပွားခဲ့​သော ​လေ​ဘေး​ကြောင့် သစ်ပင်ပိ၍ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့​သော လူ​နေအိမ်(၁)လုံးအတွက် အိမ်​ဆောက်ပစ္စည်းဖိုး​ထောက်ပံ့​ငွေ(၅၀,၀၀ဝိ/-)၊​ဘေးသင့်လူဦး​ရေ (၄)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး​​ထောက်ပံ့​ငွေ(၈,၄၀ဝိ/-)၊ စုစု​ပေါင်း​ထောက်ပံ့​ငွေ(၅၈,၄၀ဝိ/-)တိတိတို့အား (၃-၈-၂၀၂၃)ရက်​နေ့၌ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်၀ယ်အ​ရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


Source:
DDM

နောက်ဆုံးရသတင်းများ

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ပံ့ပိုးကူညီမှုဖြင့် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးကော်မတီနှင့် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း (၃/၂၀၂၅) သင်တန်းဆင်ပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR